Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့ ဆီးမီးခုံဆိပ်ကမ်းတွင် စစ်​ကောင်စီတပ်ကညပိုင်း၌ အမျိုးအမည်မသိသောအရာများကိုသယ်​နေ၊ ​ကျောက်စိမ်းဖြစ်နိုင်ဟု ​ဒေသခံအချို့ခန့်မှန်း

မြင်းခြံမြို့တွင် စစ်ကောင်စီတပ်များသည် ယခင်အတိုင်း ဖမ်းဆီးပတ်ခတ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး မနက်၉နာရီမှ ညနေ၃နာရီအတွင်း မြို့တွင်းဝင်ရောက်ခွင့်ပိတ်ထားကြောင်း မြို့ခံတို့က ပြောသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းတွင် စစ်ကောင်စီတပ်ကားများသည် ညပိုင်း၌ အမျိုးအမည်မသိပစ္စည်းများအား သယ်ဆောင်နေကြကြောင်း နယ်ခံများက ပြောသည်။

ဆီမီးခုံ ဆိပ်ကမ်းကို ဩဂုတ်၉ရက် ညဘက်အချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လော်ရီကား(၁၀)စီးနှင့်ရောက်ရှိလာပြီး ဆိပ်ကမ်းမှတစ်ဆင့် ကုန်ပစ္စည်းများကို မြို့သာ စက်မှုဇုန်ဘက်သို့ သယ်ယူပို့ဆောင်နေကြောင်း၊ အနီးနား ဒေသခံရွာသားများကမှု ကျောက်စိမ်းများ သယ်နေသည်ဟုထင်ကြေးပေးနေကြကြောင်း နယ်ခံများက ပြောသည်။

ထိုသို့သယ်ဆောင်နေချိန် ဆီမီးခုံးဆိပ်ကမ်းနယ်အတွင်း အင်အားအပြည့်ချထားပြီး သေနတ်များ အဆက်မပြတ်ပစ်ခတ်ခြောက်လှန့်လေ့ရှိကြောင်း နယ်ခံတို့က ပြောသည်။

မြင်းခြံမြို့တွင် စစ်ကောင်စီတပ်များသည် ယခင်အတိုင်း ဖမ်းဆီးပတ်ခတ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး မနက်၉နာရီမှ ညနေ၃နာရီအတွင်း မြို့တွင်းဝင်ရောက်ခွင့်ပိတ်ထားကြောင်း မြို့ခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁ဝ ရက် ည၉ နာရီခန့်က ရွာစည်(အောက်ကျင်း) ရှိ ကောင်းသန့်လ္ဘက်ရည်ဆိုင်မှ ညီအစ်ကိုနှစ်ယောက်လုံးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း ရွာသာယာရွာသို့ဝင်ကာ ကိုဆန်းဝင်း (​ခေါ်)ကုလားအား ရိုက်နှက်ခေါ်ဆောင်သွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။