ယနေ့ကျရောက်တဲ့ (၇၁) နှစ်မြောက်ကရင်အမျိုးသားအာဇာနည်နေ့မှာ ကျဆုံးလေပြီးတဲ့ ကရင်အာဇာနည်တွေ ၊အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရင်းကျဆုံးခဲ့တဲ့သူရဲကောင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တပ်ဖွဲ့ဝင်တွေက လွမ်းသူပန်းခွေချကာ အလေး ပြုဂုဏ်ပြုတာမှာ ၊စစ်ကောင်စီတပ်ကိုအဖမ်းမခံဘဲ ၄၄ လမ်းတိုက်ပေါ်က အလွတ်ခုန်ချကျဆုံးခဲ့တဲ့ အာဇာနည်တွေကိုလည်းလွမ်းသူပန်းခွေချ ဂုဏ်ပြုအလေးပြုခဲ့ပါတယ်။

PDF တပ်ဖွဲ့ဝင်တွေက “ငါတို့၏ အရိုးနှင့်အသွေးအသားတို့သည် အာဏာရှင်ကျဆုံးဖို့သာ ဖြစ်ရမည်။” လို့လည်းရေးသားကတိ့ပြုခဲ့ကြပါတယ်။၄၄ လမ်းမှာအာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးခြင်းကို မခံဘဲ တိုက်ပေါ်က အလွတ် ၅ ဦးခုန်ချပြီး တစ်ဦးသေနတ်နဲ့ပစ်ချ ခံရာမှာ ၂ ဦးသေဆုံ ၊၃ ဦးဒဏ်ရာရတယ်လို့စစ်ကောင်စီက ထုတ်ပြန်ပေမယ့် မိသားစုဝင်အချို့ကတော့ ၆ ဦးလုံးသေဆုံးတယ်လို့ မီဒီယာအချို့ကို ပြောထားပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့အထဲမှာ သေနတ်နဲ့ပစ်ချခဲ့တဲ့ ကိုကောင်းမင်းသန့် အကြောင်းမပါဝင်ပေ။
