Connect with us

Hi, what are you looking for?

News

PDF တွေက ကရင်အာဇာနည်များနှင့်အတူ ၄၄ လမ်းမှသူရဲ​ကောင်းများကိုပါ လွမ်းသူပန်း​ခွေချ၊ဂုဏ်ပြုအ​လေးပြု

“ငါတို့၏ အရိုးနှင့်အသွေးအသားတို့သည် အာဏာရှင်ကျဆုံးဖို့သာ ဖြစ်ရမည်။” လို့လည်း​ရေးသားကတိ့ပြုခဲ့ကြပါတယ်။

ဓါတ်ပုံ-PDF-TC

ယနေ့ကျရောက်တဲ့ (၇၁) နှစ်မြောက်ကရင်အမျိုးသားအာဇာနည်နေ့မှာ ကျဆုံးလေပြီးတဲ့ ကရင်အာဇာနည်​တွေ ၊အာဏာသိမ်းစစ်​ကောင်စီကို ဆန့်ကျင်​​တော်လှန်ရင်းကျဆုံးခဲ့တဲ့သူရဲကောင်း​တွေကို ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (PDF)တပ်ဖွဲ့ဝင်​တွေက လွမ်းသူပန်းခွေချကာ အလေး ပြုဂုဏ်ပြုတာမှာ ၊စစ်​ကောင်စီတပ်ကိုအဖမ်းမခံဘဲ ၄၄ လမ်းတိုက်​ပေါ်က အလွတ်ခုန်ချကျဆုံးခဲ့တဲ့ အာဇာနည်​တွေကိုလည်းလွမ်းသူပန်း​ခွေချ ဂုဏ်ပြုအ​လေးပြုခဲ့ပါတယ်။

ဓါတ်ပုံ-PDF-TC

PDF တပ်ဖွဲ့ဝင်​တွေက “ငါတို့၏ အရိုးနှင့်အသွေးအသားတို့သည် အာဏာရှင်ကျဆုံးဖို့သာ ဖြစ်ရမည်။” လို့လည်း​ရေးသားကတိ့ပြုခဲ့ကြပါတယ်။၄၄ လမ်းမှာအာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေရဲ့ဖမ်းဆီးခြင်းကို မခံဘဲ တိုက်​ပေါ်က အလွတ် ၅ ဦးခုန်ချပြီး ​တစ်ဦး​သေနတ်နဲ့ပစ်ချ ခံရာမှာ ၂ ဦး​သေဆုံ ၊၃ ဦးဒဏ်ရာရတယ်လို့စစ်​ကောင်စီက ထုတ်ပြန်​ပေမယ့် မိသားစုဝင်အချို့က​တော့ ၆ ဦးလုံး​သေဆုံးတယ်လို့ မီဒီယာအချို့ကို ​ပြောထားပါတယ်။

စစ်​ကောင်စီထုတ်ပြန်တဲ့အထဲမှာ ​သေနတ်နဲ့ပစ်ချခဲ့တဲ့ ကို​ကောင်းမင်းသန့် အ​ကြောင်းမပါဝင်​​ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။