Connect with us

Hi, what are you looking for?

LuduNwayOo

News

ကချင်နှင့်ကရင် အာဇာနည်များဂုဏ်ပြုသည့် ရန်ကုန်က စစ်အာဏာရှင်ဖြုတ်ချရေး ​ပြောက်ကြားသပိတ်

နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၃ ရက်ရှိပြီဖြစ်သည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် ကချင်နှင့်ကရင်အာဇာနည်များဂုဏ်ပြုသည့်အ​နေဖြင့် လူငယ်များက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်သပိတ်​မှောက်ခဲ့ကြသည်။

“ ကချင် ၊ကရင် အာဇာနည်အ​ပေါင်းနဲ့ လူမျိုး​ပေါင်းစုံ အာဇာနည်​တွေကို ဂုဏ်ပြုကြ” စာတန်းပါဗီနိုင်ကိုင်​ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၃ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကို အသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၉၀ ရက်ရှိပြီဖြစ်သည်။