Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးထီ အထူးဆု ကျပ်သိန်း၁၀၀ ထပ်တိုးချီးမြှင့်မယ်

လစဉ် နွေဦးထီ ရောင်းရငွေ စုစုပေါင်း ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းများအား ချီးမြှင့်သွားမည်ဟုလည်း NUGက ဆိုထားသည်။

အောင်လံလွှင့်ချီနွေဦးထီ အထူးဆုအဖြစ် ကျပ်သိန်း ၁၀၀ထပ်တိုးချီးမြှင့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG)က ထုတ်ပြန်ကြေငြာလိုက်သည်။

ထိုဆုကို ဒီဇင်ဘာ ထီဖွင့်ပွဲမှစ၍ ကျပ်သိန်း ၁၀၀ အထူး ဆု ထည့်သွင်းဖွင့်လှစ်သွားမည်ဟု အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမူဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သို့​သော် နွေဦးထီလက်မှတ်စျေးနှုန်းများ ပြောင်းလဲခြင်း မရှိပဲ လက်မှတ်တစ်စောင်လျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် အနည်းဆုံး ၅စောင်မှ အများဆုံး အစောင် ၅၀ ထိ ဝယ်ယူနိုင်မည်ဟု NUGက ဆိုသည်။

နွေဦးထီ ရှေပြေးစီမံကိန်း( pilot project) စတင်ချိန်မှ ယနေ့အထိ ပြည်သူများ၏ ဝန်းရံမူကြောင့် စစ်ကောင်စီ ၏ အောင်ဘာလေထီကို အလဲထိုးနိုင်ခဲ့သည်ဟု NUGကဆိုထားသည်။

Public Service Announcement

Public Service Announcement

လစဉ် နွေဦးထီ ရောင်းရငွေ စုစုပေါင်း ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းများအား ချီးမြှင့်သွားမည်ဟုလည်း NUGက ဆိုထားသည်။

အောင်လံလွှင့်ချီနွေဦးထီကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ဩဂုတ် ၁၅ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁ ရက်တွင် ပထမဦးဆုံး ထီဖွင့်ပွဲကို ကျင်းပခဲ့သည်။ တစ်ဆုလျှင် ကျပ် ၁၅ သိန်းချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ပထမဦးဆုံးထီပေါက်သူ ၇၅ ဦးအနက် ၆၂ ဦးက NUG ကို ပြန်လည်လှူဒါန်းထားသည်။

ဆက်စပ်သတင်းများ

ဗီဒီယို

ထိုင်းထီလက်မှတ်တွေကို အွန်လိုင်းကနေရောင်းချတာဖြစ်ပြီး မြန်မာငွေ ၆၀၀၀ ကျပ်ကျော်ကနေ ၇၀၀၀ ကျပ်ကျော်အထိ နံပတ်လှတာတာအပေါ်မူတည်ပြီး​စျေးသတ်မှတ်ရောင်းကြတယ်လို့ ပြောပါတယ်။

News

ထီရောင်းချချိန်ကိုလည်း နံနက် ၁၀ နာရီမှ ည ၁၀နာရီအထိသတ်မှတ်ထားပြီး ယခင်ကဲ့သို့ ခဏလေးဖြင့် ထီလက်မှတ်ကုန်သွားခြင်းမျိုးရှိတော့မည်မဟုတ်ကြောင်း၊ ထို့ပြင် ထီလက်မှတ် ရရှိရာတွင်လည်း ပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

News

နွေဦးထီ၏ ပထမအဆင့်ရှေ့ပြေးစီမံကိန်းတွင် ကြုံတွေခဲ့ရသည့် စိန်ခေါ်မှု၊ နှောက်ယှက်မှု၊ အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး စီးပွားရေးပုံစံအသစ်ဖြင့် ပြန်လည်စတင်နိုင်မည်ဟု နွေဦးထီမိသားစုက ဆိုသည်။

News

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီရဲ့ ပထမဆုံး ထီဖွင့်လှစ်မှုကို ဒီနေ့ပြုလုပ်ခဲ့ပြီး ကံထူးရှင် ၇၅ ဦးထွက်ပေါ်ခဲ့ကာ ထီပေါက်စဉ်ကို ထီထိုးစဉ်ကလို နွေဦးထီ Chat Bot ထဲကနေ ထီတိုက်လို့ရကြောင်းလည်း အသိပေးထားပါတယ်။