Connect with us

Hi, what are you looking for?

News

လုံခြုံရေးအထူးပြုလုပ်ထားပြီး ထီထိုးရပိုဆင်ပြေစေမည့် နွေဦးထီစနစ်သစ်ကို မိတ်ဆက်

ထီရောင်းချချိန်ကိုလည်း နံနက် ၁၀ နာရီမှ ည ၁၀နာရီအထိသတ်မှတ်ထားပြီး ယခင်ကဲ့သို့ ခဏလေးဖြင့် ထီလက်မှတ်ကုန်သွားခြင်းမျိုးရှိတော့မည်မဟုတ်ကြောင်း၊ ထို့ပြင် ထီလက်မှတ် ရရှိရာတွင်လည်း ပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အောင်လံလွင့်ချီ နွေဦးထီထိုးရာတွင် လုံခြုံစွာ နှင့်ပိုမိုအဆင်ပြေစွာ ထိုးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ထားသည့် နွေဦးထီ စနစ်သစ်ကို အောင်လံလွင့်ချီနွေဦးထီက မိတ်ဆက်လိုက်သည်။

ယမန်နေ့(အောက်တိုဘာ၂၈)ညပိုင်းက ထုတ်ပြန်ခဲ့သည့် နွေဦးထီစနစ်သစ်တွင် ထီလက်မှတ်ဝယ်ယူမယ်ဆိုပါက နွေဦးထီ Pilot project နှင့် ပုံစံအနည်းငယ်ပြောင်းလဲထားပြီး Wave Account သို့မဟုတ် Wave Pay, KBZ Pay, True Money Agent များမှတစ်ဆင့် ဝယ်ယူမည် ထီအဆောင်ရေကျသင့်ငွေအတိုင်း Password ဖြင့် ကြိုတင်ငွေလွှဲပြီး ဝယ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထီရောင်းချချိန်ကိုလည်း နံနက် ၁၀ နာရီမှ ည ၁၀နာရီအထိသတ်မှတ်ထားပြီး ယခင်ကဲ့သို့ ခဏလေးဖြင့် ထီလက်မှတ်ကုန်သွားခြင်းမျိုးရှိတော့မည်မဟုတ်ကြောင်း၊ ထို့ပြင် ထီလက်မှတ် ရရှိရာတွင်လည်း ပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထီလက်မှတ်ဝယ်ယူမည်ဆိုပါက Blue mark ပါသည့် အောင်လံလွှင့်ချီနွေဦးထီ Facebook Page ၏ Messenger မှ ဝယ်ယူရမည်ဖြစ်ပြီး ဝယ်ယူပုံဝယ်ယူနည်း အဆင့်ဆင့်ကို အောင်လံလွှင့်ချီနွေဦးထီ Page မှ ဆက်လက်ရှင်းပြသွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နွေဦးထီ စမ်းသပ်ရောင်းချမှု (pilot project)သည် မျှော်မှန်းထားသည်ထက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ရခဲ့ကြောင်း၊ ယခု ထီစနစ်သစ်သည် pilot project ၌ ကြုံခဲ့သည့် စိန်ခေါ်မှု၊ နှောက်ယှက်မှု၊ အခက်အခဲများကို ပြန်လည်သုံးသပ်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊

ပြည်သူများ အနေဖြင့်လည် နွေဦးထီကို ဆက်လက်ပူးပေါင်းအားပေးပြီး နွေဦးတော်လှန်ရေး ကိုအားဖြည့်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်အပိုင်းထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပိုင်းကို ခေတ္တအသုံးမပြုကြဖို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။

သတင်း

ထားဝယ်မြို့ကိုလာတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ခရီးစဥ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲကို လုံခြုံရေးသတိနဲ့လုပ်ဖို့ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ပွဲတော်ကျင်းပရေးကော်မတီကို သတိပေးပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အနောက်ဥရောပ မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။