Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးထီ ပုံစံအသစ်ဖြင့်လာမည်

နွေဦးထီ၏ ပထမအဆင့်ရှေ့ပြေးစီမံကိန်းတွင် ကြုံတွေခဲ့ရသည့် စိန်ခေါ်မှု၊ နှောက်ယှက်မှု၊ အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး စီးပွားရေးပုံစံအသစ်ဖြင့် ပြန်လည်စတင်နိုင်မည်ဟု နွေဦးထီမိသားစုက ဆိုသည်။

နွေဦးထီကို ပုံစံအသစ်ဖြင့် ပြည်သူများရှေ့မှောက်မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း နွေဦးထီမိသားစုက ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ကြေငြာလိုက်သည်။

နွေဦးထီ၏ ပထမအဆင့်ရှေ့ပြေးစီမံကိန်းတွင် ကြုံတွေခဲ့ရသည့် စိန်ခေါ်မှု၊ နှောက်ယှက်မှု၊ အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး စီးပွားရေးပုံစံအသစ်ဖြင့် ပြန်လည်စတင်နိုင်မည်ဟု နွေဦးထီမိသားစုက ဆိုသည်။

နွေဦးထီ၏ စမ်းသပ်ရောင်းချမှုသည် မျှော်မှန်းထားသည့် ထက်ပြည်သူများ၏ ပူးပေါင်းပါဝင်မူများကြောင့် အောင်မြင်ခဲ့သည်ဟု နွေဦးထီမိသားစုကဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)က CDM ဝန်ထမ်းများကို ထောက်ပံ့ရန် အောင်လံလွှင့်ချီ နွေဦးထီဆိုသည့် အွန်လိုင်းထီကို ဩဂုတ် ၁၅ ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး အောက်တိုဘာ ၁ရက်တွင် ထီဖွင့်လှစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကံထူးသူ ၇၅ ဦးရှိပြီး ၎င်းတို့အနက် ၆၃ဦးက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထံ ပြန်လည်လှူဒါန်းခဲ့သည်။

နွေဦးထီ၏ စီးပွားဖြစ်ရောင်းချမူကို အောက်တိုဘာကုန်ပိုင်းတွင် ဆောင်ရွက်အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း NUG ၏စီမံကိန်း၊ ဘဏ္ဍာရေးနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

ယခုမိတ်ဆက်မည့် စီမံကိန်းတွင်အရေအတွက် ပမာဏများပြီး CMDersများကို အရေအတွက်များများထောက်ပံ့နိုင်ရန်အတွက်ဖြစ်သည်ဟု ၎င်းကဆိုထားသည်။

NUGက ထီတစ်စောင်ကို ၂,၀၀၀ ကျပ်သက်မှတ်ပြီး အနည်းဆုံး ငါးစောင်မှ အများဆုံး အစောင်၅၀ အထိ ရောင်းချပေးခဲ့ရာ အစောင်ရေ သိန်းချီရောင်းချခဲ့ရသည်။ ထီရောင်းချရသည့်ငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ဝန်ထမ်း CDM သမားများထံသို့ လွှဲအပ်သွားမည် ဖြစ်ပြီး ကျန် ၃၀ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားခဲ့ခြင်း ဖြစ်သည်ဟု NUGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

News

လစဉ် နွေဦးထီ ရောင်းရငွေ စုစုပေါင်း ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို တာဝန်သိ CDM ဝန်ထမ်းများအား ချီးမြှင့်သွားမည်ဟုလည်း NUGက ဆိုထားသည်။

ဗီဒီယို

ထိုင်းထီလက်မှတ်တွေကို အွန်လိုင်းကနေရောင်းချတာဖြစ်ပြီး မြန်မာငွေ ၆၀၀၀ ကျပ်ကျော်ကနေ ၇၀၀၀ ကျပ်ကျော်အထိ နံပတ်လှတာတာအပေါ်မူတည်ပြီး​စျေးသတ်မှတ်ရောင်းကြတယ်လို့ ပြောပါတယ်။

News

ထီရောင်းချချိန်ကိုလည်း နံနက် ၁၀ နာရီမှ ည ၁၀နာရီအထိသတ်မှတ်ထားပြီး ယခင်ကဲ့သို့ ခဏလေးဖြင့် ထီလက်မှတ်ကုန်သွားခြင်းမျိုးရှိတော့မည်မဟုတ်ကြောင်း၊ ထို့ပြင် ထီလက်မှတ် ရရှိရာတွင်လည်း ပိုမိုမြန်ဆန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

News

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီရဲ့ ပထမဆုံး ထီဖွင့်လှစ်မှုကို ဒီနေ့ပြုလုပ်ခဲ့ပြီး ကံထူးရှင် ၇၅ ဦးထွက်ပေါ်ခဲ့ကာ ထီပေါက်စဉ်ကို ထီထိုးစဉ်ကလို နွေဦးထီ Chat Bot ထဲကနေ ထီတိုက်လို့ရကြောင်းလည်း အသိပေးထားပါတယ်။