Connect with us

Hi, what are you looking for?

News

တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အရပ်သားများကို လမ်းပြ၊ ဓားစာခံလူသားဒိုင်းအဖြစ်အသုံးပြုနေဟု KNDF ထုတ်ပြန်

တိုက်ပွဲများကြောင့် အနီးတစ်၀ိုက်ရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များအနေဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသများရှိ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပြ၊ ဓားစာခံ၊ လူသားဒိုင်းအဖြစ် အသုံး ပြုနေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)က ယနေ့ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်အကြားသို့ စစ်ကြောင်းချီလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) တို့ကို KNDFနှင့် ၎င်း၏ မဟာမိတ်တပ်များ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့၍ ဩဂုတ် ၁၄ရက်နှင့် ၁၅ရက်များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PNO တပ်များ သည် စစ်‌ကြောင်းနှစ်ကြောင်းဖြင့် ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်ဖက်သို့ စစ်ကြောင်ထိုးလျက်ရှိရာ ဖယ်ခုံမြို့နယ်၊ ခေါင်းအိဘက်သို့ ချီလာသောစစ်ကြောင်းနှင့် ပင်လောင်းမြို့နယ်၊ ပင်ပုံ၊ လယ်ဟွဲ ကျေးရွာဖက်မှ စစ်ကြောင်း တို့ဖြစ်ကြောင်း၊ ယနေ့ ဩဂုတ် ၁၈ရက်တွင် ခေါင်းအိကျေးရွာဘက်သို့ စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် တဖက်သတ်ပစ်ခတ်ခဲ့ကြောင်း KNDFက ဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် လွယ်လုံရွာနေပြည်သူ (၅) ဉီးနှင့်၊ စက်တော်ရွာနေ ပြည်သူ (၅) ဉီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းပြသူများအဖြစ် လည်းကောင်း၊ဓါးစာခံ လူသားဒိုင်အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရက်ပိုင်းအတွင်းကလည်း ပင်ပုံကျေးရွာအနီးတွင် အင်အား (၃၀၀)ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီနှင့် PNO တပ်တို့သည် ပင်ပုံကျေးရွာဘုန်းကြီးကျောင်းမှ အမြောက်ဒုံးများဖြင့် ဆက်တိုက်ပစ်ခိုက်သဖြင့် လယ်ဟွဲကျေးရွာ အတွင်းရှိနေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများကြောင့် အနီးတစ်၀ိုက်ရှိ ကျေးရွာများမှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များနှင့် PNOတပ်များကို ခုခံတိုက်ခိုက်ရာတွင် လူမျိုးရေး၊ နယ်မြေစိုးမိုးရေးအတွက် တိုက်ခိုက်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှ ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် နယ်စည်းမခြား တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း KNDFက ထုတ်ပြန် သည်။

ထိုသို့တိုက်ပွဲဝင်ရာတွင် ဖယ်ခုံ၊ ဒီးမော့ဆိုနှင့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်(PDF)များနှင့် ကရင်နီတပ်မတော် (KA) နှင့် KNDF တပ်များ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။