Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ICC မှာ တရားစွဲဆိုနိုင်ဖို့ NUGကို လူ့အခွင့်အရေးအဖွဲ့တိုက်တွန်း

ရင်ပိုင်ခွင့်လွှဲပြောင်းပေးဖို့ နည်းလမ်းနှစ်ခုနဲ့ လုပ်ဆောင်နိုင်ပြီး ပထမက ICC ကြေညာစာတမ်း ပုဒ်မ ၁၂(၃)အရ စွဲချက်တင်ဖို့နဲ့ ဒုတိယက Rome Statute ကို လက်ခံဖို့ စတဲ့ နည်းလမ်း နှစ်ခုကို Fortify Rights က အကြံပြုထားပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို တာဝန်ခံနိုင်စေရေး နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နဲ့ ညှိ နှိုင်းလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အကြံပြုတိုက် တွန်းလိုက်ပါတယ်။

၂၀၀၂ ကစလို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့၊ များပြားတဲ့ ရက်စက်ယုတ်မာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့နဲ့ တရားစွဲဖို့အတွက် NUG က ICC ကို တရားစီရင်ပိုင်ခွင့် လွှဲပေးသင့်တယ်လို့ Fortify Rights က အကြံပြုပါတယ်။

Fortify Rights ဟာ ‘မြန်မာနိုင်ငံမှာ အပြစ်ကင်းလွှတ်နေမှုကို အဆုံးသတ်ခြင်း’ လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၄၈ မျက်နှာပါ ဥပဒေဆန်းစစ်ချက်တစ်စောင်ကို ဒီနေ့ထုတ်ပြန်လိုက်ပြီး အဲဒီဆန်းတမ်းမှာ NUG ဖြေရှင်းရနိုင်တဲ့ စစ်တပ်ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ရက်စက်ယုတ်မာမှုတွေကို ရှင်းပြထားပါတယ်။

NUG အနေနဲ့ ICC ကို တရားစီရင်ပိုင်ခွင့်လွှဲပြောင်းပေးဖို့ နည်းလမ်းနှစ်ခုနဲ့ လုပ်ဆောင်နိုင်ပြီး ပထမက ICC ကြေညာစာတမ်း ပုဒ်မ ၁၂(၃)အရ စွဲချက်တင်ဖို့နဲ့ ဒုတိယက Rome Statute ကို လက်ခံဖို့ စတဲ့ နည်းလမ်း နှစ်ခုကို Fortify Rights က အကြံပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ပုဒ်မ ၁၂ (၃)ကြေညာချက်ဟာ သေချာတဲ့ရာဇဝတ်မှုတွေကို အရေးယူဖို့ တရားရုံးကို ချက်ချင်း တရားစီရင်ပိုင်ခွင့် ပေးနိုင်ပြီး Rome Statuteကို လက်ခံတဲ့တနည်းအားဖြင့် ပါဝင်လက်မှတ်ရေးထိုးတဲ့နိုင်ငံတွေဟာ ICC အဖွဲ့ဝင် နိုင်ငံဖြစ်လာမှာပါ။

“မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံနိုင်ရေး ထင်ရှား စွာ အမြန်ဆုံးဖြစ်လာဖို့ NUG မှာ အခွင့်အရေးရှိပါတယ်” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက လူနည်းစုတိုင်းရင်းသားနယ်မြေတွေ မှာ ကြီးမားကျယ်ပြန့်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရက်စက်ယုတ်မာမှုတွေ များစွာရှိခဲ့ပြီး ၂၀၁၆၊ ၂၀၁၇ တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံက အမှုရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

Facebook