Connect with us

Hi, what are you looking for?

News

ဂိုးသမားပြည့်လျှံအောင် ဂျပန်တွင် ခိုလှုံခွင့်အသိအမှတ် ပြုလက်မှတ်ရ

ပြည့်လျှံအောင်သည် ဒုက္ခသည်ခိုလှုံခွင့်ကို ဇွန်လ ၁၆ရက်ကတည်းက လျှောက်ထားခဲ့​ခြင်းဖြစ်ပြီး ၂လအကြာတွင် တရားဝင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကိုနုမောင်

မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်သည် ယနေ့ (သြဂုတ်၂၀ရက်)တွင် ဂျပန်နိုင်ငံအိုဆာကာမြို့ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် အသိ အမှတ်ပြုလက်မှတ်ရခဲ့ပြီဖြစ်​ကြောင်း ၎င်းအား ကူညီပေးနေသည့် မြန်မာအသိုင်းအဝိုင်းက​ ပြောသည်။

ပြည့်လျှံအောင်သည် ဒုက္ခသည်ခိုလှုံခွင့်ကို ဇွန်လ ၁၆ရက်ကတည်းက လျှောက်ထားခဲ့​ခြင်းဖြစ်ပြီး ၂လအကြာတွင် တရားဝင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဂိုးသမားပြည့်လျှံအောင်သည် မေလ ၂၈ ရက်က ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ပွဲမစခင်တွင် လက်သုံး‌ချောင်းထောင်ကာ၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့သူ ဖြစ်သည်။

ဂျပန်နိုင်ငံတွင် မြန်မာဘောလုံးသမားကို ယခုကဲ့သို့ ဒုက္ခသည် ခိုလှုံခွင့်ပေးခြင်းသည် ပထမဆုံး ဖြစ်ရပ်ပင် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။