Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂိုးသမားပြည့်လျှံအောင် ဂျပန်တွင် ခိုလှုံခွင့်အသိအမှတ် ပြုလက်မှတ်ရ

ပြည့်လျှံအောင်သည် ဒုက္ခသည်ခိုလှုံခွင့်ကို ဇွန်လ ၁၆ရက်ကတည်းက လျှောက်ထားခဲ့​ခြင်းဖြစ်ပြီး ၂လအကြာတွင် တရားဝင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ကိုနုမောင်

မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်သည် ယနေ့ (သြဂုတ်၂၀ရက်)တွင် ဂျပန်နိုင်ငံအိုဆာကာမြို့ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် အသိ အမှတ်ပြုလက်မှတ်ရခဲ့ပြီဖြစ်​ကြောင်း ၎င်းအား ကူညီပေးနေသည့် မြန်မာအသိုင်းအဝိုင်းက​ ပြောသည်။

ပြည့်လျှံအောင်သည် ဒုက္ခသည်ခိုလှုံခွင့်ကို ဇွန်လ ၁၆ရက်ကတည်းက လျှောက်ထားခဲ့​ခြင်းဖြစ်ပြီး ၂လအကြာတွင် တရားဝင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဂိုးသမားပြည့်လျှံအောင်သည် မေလ ၂၈ ရက်က ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ပွဲမစခင်တွင် လက်သုံး‌ချောင်းထောင်ကာ၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့သူ ဖြစ်သည်။

ဂျပန်နိုင်ငံတွင် မြန်မာဘောလုံးသမားကို ယခုကဲ့သို့ ဒုက္ခသည် ခိုလှုံခွင့်ပေးခြင်းသည် ပထမဆုံး ဖြစ်ရပ်ပင် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ GPDက ဒေါ်လာ ၂၅.၅ ထရီလီယံ ဝန်းကျင်နဲ့ တရုတ်ကတော့ ၁၈ ထရီလီယံ ဝန်းကျင်လောက်စီ အသီးသီး ရှိကြမယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။