Connect with us

Hi, what are you looking for?

News

ပြည်သူနှင့်ပူးပေါင်းသည့်တပ်မတော်သားများကိုလုံခြုံရေးအာမခံပြီးဆုငွေချီးမြှင့်မည်ဟု KNDFထုတ်ပြန်

မြန်မာပြည်တွင်းစစ်သမိုင်း တလျှောက်တွင် ဗိုလ်ချုပ်များနှင့် စစ်အုပ်စုများသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အောက်ခြေ တပ်မတော်သားများ၏ အသက်၊သွေး၊ ချွေးများကို ဖြုန်းတီးနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူလူထုနှင့် လာရောက်ပူးပေါင်းသော ပြည်သူ့ဘက် တော်သား တပ်မတော်သားများကို လှိုက်လှဲစွာ ကြိုဆိုပြီး ထိုတပ်မတော်သားများ၏ လုံခြုံရေးကို အထူးအာမခံ ပေးမည့်အပြင် ပြည်သူများမှ ပံ့ပိုးထားသော ဆုငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ယနေ့ထုတ်ပြန်သည်။

မြန်မာပြည်တွင်းစစ်သမိုင်း တလျှောက်တွင် ဗိုလ်ချုပ်များနှင့် စစ်အုပ်စုများသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အောက်ခြေ တပ်မတော်သားများ၏ အသက်၊သွေး၊ ချွေးများကို ဖြုန်းတီးနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ကြောင့် ပြည်သူ့ဘက်တော်သား တပ်မတော်သားများ အနေဖြင့် ပြည်သူလူထု ကို အကြမ်းဖက် သတ်ဖြတ် နေသော စစ်ကောင်စီတပ်တွင် ဆက်လက်တာဝန် မထမ်းဆောင်တော့ဘဲ ပြည်သူလူထုနှင့် အတူ လာရောက်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်အထိ အတူတွန်းလှန်ရန် ဖိတ်ခေါ်ကြောင်း၊ ပြည်သူများနှင့် လာရောက်ပူးပေါင်းပါဝင်ရန် ပြည်သူ့ဘက်တော်သား တပ်မတော်သားများကို တိုက်တွန်းပန်ကြားကြောင်း KNDFက ထုတ်ပြန်သည်။

KNDFသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ကရင်နီလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ကရင်နီဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားပြီး ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(KNPP/KA)နှင့်အတူ လက်တွဲကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

မေလမှစ၍ ကရင်နီ(ကယား)ဒေသ၌ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားခဲ့ရာ တိုက်ပွဲများအတွင်း စစ် ကောင်စီအောက်ခြေ တပ်မတော်သားများ၏ ထိခုက်ဒဏ်ရာရမှု အသက်သေဆုံးများရှိခဲ့သည်။ ယင်းသို့ သေဆုံးထိခိုက်မှုများသည် မလိုလားအပ်သော ပေဆပ်ဆုံးရှုံးမှုများ ဖြစ်ကြောင်း KNDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။