Connect with us

Hi, what are you looking for?

News

ဂန့်​ဂေါတွင် စစ်​ကောင်စီတပ်က ရိုက်နှက်နှိပ်စက်၍ အဘိုးအိုတစ်ဦး​သေဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် အကြမ်း ဖက်စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်ရိုက်နှက်မှု့ကြောင့် အသက်(၇၂) နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း ဂန့်ဂေါနယ်ခံများက ပြော သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် အကြမ်း ဖက်စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်ရိုက်နှက်မှု့ကြောင့် အသက်(၇၂) နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးသွားကြောင်း ဂန့်ဂေါနယ်ခံများက ပြော သည်။

သြဂုတ် ၁၈ ရက်က နှမ်းခါးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ကျေးရွာပြည်သူ လူထုပိုင်ပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေ၍ ရွာသူရွာသားများ တိမ်းရှောင်ခဲ့ရာ နှမိးခါးတွင်နေထိုင်သည့် အသက် ၇၂ နှစ်အရွယ် ဦးကံထောက်မှာ အသက်ကြီး၍ ထွက်မပြေးနိုင်သောကြောင့် ရွာတင်နေရစ်ခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သားများက ဦးကံထောက်အား ရိုက်နှက်ခဲ့ရာ မျက်နှာ၊ နံရိုး၊ လက်မောင်းနှင့် ခြေထောက်တို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံများက ပြောသည်။

ဦးကံထောက်သည် ထိုဒဏ်ရာများဖြင့် ယနေ့ (သြဂုတ် ၂၁ ရက်)နံနက် ၇ နာရီခန့်တွင် ဆုံးပါးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

နှမ်းခါးရွာကို စစ်ကောင်စီတပ်သားများဝင်ရောက် လာသည့် သြဂုတ်၁၈ ရက်က နှမ်းခါးရွာအနီး ဂန့်ဂေါလမ်းတွင် စစ်ကောင်စီတပ်ကားများ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး တပ်သားများထိခိုက်သေဆုံးမူများလည်း ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

ဂန့်ဂေါမြို့လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို PDF များထံ ကျည်ဆန်ရောင်းစားမှုဖြင့် ၂၀၂၄ ခုနှစ်သြဂုတ်လ ၁၀ ရက်တွင် စစ်ကောင်က ဖမ်းဆီးမှုရှိခဲ့သည်။

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။