Connect with us

Hi, what are you looking for?

News

NUG အစိုးရနဲ့ စဉ်ဆက်မပြတ်ဆက်သွယ်မယ်လို့ တောင်ကိုရီးယားအစိုးရ ပြော

NUG အစိုးရ နဲ့ တရားဝင် သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့ ၊စစ်ကောင်စီကိုအသိအမှတ်မပြုဖို့ ၊မြန်မာပြည်သူတွေနဲ့လက်တွဲဖို့ ပြည်သူ နှစ်သိန်းခွဲကျော်က လက်မှတ်ရေးထိုးပြီး တောင်းဆိုတဲ့အပေါ် အိမ်ပြာတော်က အကြောင်းပြန်လာတာပဲဖြစ်ပါတယ်။

တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ လမ်းစဉ်နဲ့သာ ဆောင်ရွက်သွားမှာဖြစ်ပြီး NUG အစိုးရ နဲ့ စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ သမ္မတရုံးစိုက်ရာအိမ်ပြာတော်က ဒီနေ့မှာအကြောင်းပြန်လိုက်ပါတယ်။

NUG အစိုးရ နဲ့ တရားဝင် သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့ ၊စစ်ကောင်စီကိုအသိအမှတ်မပြုဖို့ ၊မြန်မာပြည်သူတွေနဲ့လက်တွဲဖို့ ပြည်သူ နှစ်သိန်းခွဲကျော်က လက်မှတ်ရေးထိုးပြီး တောင်းဆိုတဲ့အပေါ် အိမ်ပြာတော်က အကြောင်းပြန်လာတာပဲဖြစ်ပါတယ်။

အဲဒီအကြောင်းပြန်စာမှာ တောင်ကိုရီးယားအစိုးရဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စတင်ဖြစ်ပွားတဲ့အချိန် ကတည်းက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထောက်ခံကာ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ပြည်သူတွေအပေါ်အကြမ်းဖက်တာကို ရပ်တန့်ဖို့ ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ကို စဉ်ဆက်မပြတ်တောင်းဆိုခဲ့တယ်လို့လည်းပြောထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့မတ်လကလည်း မြန်မာနိုင်ငံ နဲ့ နိုင်ငံတော်ကာကွယ်ရေး ၊ လုံခြုံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု အသစ်တွေကိုရပ်တန့်တား ၊ စစ်ဘက်သုံးဆိုင်ရာ ပစ္စည်းတွေ တင်ပို့တာကို ပိတ်ပင်တာ ၊ ODA စီမံကိန်းတွေကို ပြန်လည်စိစစ်တာတွေပြုလုပ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံအတွင်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားခြင်းစာနာထောက်ထားမှုအနေနဲ့ အထူးနေထိုင်ခွင့်ကိုလည်း တိုးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် တောင်ကိုရီးယားအစိုးရဟာ ရှေ့လျှောက်မှာလည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ လမ်းစဉ်ဖြင့်သာ အခြေအနေတွေကိုဖြေရှင်းဆောင်ရွက်မှာဖြစ်ပြီး အဲဒီလမ်းစဉ်မှာ NUG အစိုးရ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်သွားမယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။