Connect with us

Hi, what are you looking for?

News

ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေ Online Shopက ပစ္စည်းမမှာဖို့ညွှန်ကြား

စာပါအကြောင်းအရာအရ သြဂုတ် ၁၉ ရက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၉၁ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သီတာမောင်မောင်ထံ အမျိုးသမီးသုံးပစ္စည်းတွေမှာယူထားတာကြောင့် ပစ္စည်းပို့ရန် တယ်လီဖုန်းကတစ်ဆင့် အိမ်လိပ် စာတောင်းခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မိသားစုဝင်တွေအနေနဲ့ Online Shopကနေ ပစ္စည်းမှာယူတာမလုပ်ကြဖို့ တပ်တွင်းညွှန်ကြားစာတစ်စောင် လူမှုကွန်ရက်မှာ ပြန့်နှံ့​နေပါတယ်။

စာပါအကြောင်းအရာအရ သြဂုတ် ၁၉ ရက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၉၁ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သီတာမောင်မောင်ထံ အမျိုးသမီးသုံးပစ္စည်းတွေမှာယူထားတာကြောင့် ပစ္စည်းပို့ရန် တယ်လီဖုန်းကတစ်ဆင့် အိမ်လိပ် စာတောင်းခဲ့တယ်လို့ ဆိုပါတယ်။

အိမ်လိပ်စာအတိုင်း ပစ္စည်းလာပို့ချိန် အိမ်ပြင်ထွက်ပြီး ပါဆယ်သွားယူရာမှာ ဒေါ်သီတာမောင်မောင်ဟာ သေနတ်နံပစ်သတ်ခံခဲ့ရတာလို့ ညွှန်ကြားစာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၎င်းတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ Online Shop တွေကနေ ပစ္စည်းမှာယူတာမလုပ်ဖို့နဲ့ Deilivery သမားတွေဆီက ပစ္စည်းလာပို့ဖို့ အိမ်လိပ်စာတောင်းရင် မပေးကြဖို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပစ္စည်းပါဆယ်လာပို့ရင်း သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)က ဒေါ်သီသီတာမောင်မောင်ဟာ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဆက်သွယ်ရေးတပ်ခွဲမှ ဗိုလ်ကြီးအောင်စိုးရဲ့ ယောက္ခမတော်စပ်သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

Trending

Facebook