Connect with us

Hi, what are you looking for?

LuduNwayOo

News

ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေ Online Shopက ပစ္စည်းမမှာဖို့ညွှန်ကြား

စာပါအကြောင်းအရာအရ သြဂုတ် ၁၉ ရက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၉၁ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သီတာမောင်မောင်ထံ အမျိုးသမီးသုံးပစ္စည်းတွေမှာယူထားတာကြောင့် ပစ္စည်းပို့ရန် တယ်လီဖုန်းကတစ်ဆင့် အိမ်လိပ် စာတောင်းခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မိသားစုဝင်တွေအနေနဲ့ Online Shopကနေ ပစ္စည်းမှာယူတာမလုပ်ကြဖို့ တပ်တွင်းညွှန်ကြားစာတစ်စောင် လူမှုကွန်ရက်မှာ ပြန့်နှံ့​နေပါတယ်။

စာပါအကြောင်းအရာအရ သြဂုတ် ၁၉ ရက်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၉၁ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သီတာမောင်မောင်ထံ အမျိုးသမီးသုံးပစ္စည်းတွေမှာယူထားတာကြောင့် ပစ္စည်းပို့ရန် တယ်လီဖုန်းကတစ်ဆင့် အိမ်လိပ် စာတောင်းခဲ့တယ်လို့ ဆိုပါတယ်။

အိမ်လိပ်စာအတိုင်း ပစ္စည်းလာပို့ချိန် အိမ်ပြင်ထွက်ပြီး ပါဆယ်သွားယူရာမှာ ဒေါ်သီတာမောင်မောင်ဟာ သေနတ်နံပစ်သတ်ခံခဲ့ရတာလို့ ညွှန်ကြားစာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၎င်းတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ Online Shop တွေကနေ ပစ္စည်းမှာယူတာမလုပ်ဖို့နဲ့ Deilivery သမားတွေဆီက ပစ္စည်းလာပို့ဖို့ အိမ်လိပ်စာတောင်းရင် မပေးကြဖို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပစ္စည်းပါဆယ်လာပို့ရင်း သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)က ဒေါ်သီသီတာမောင်မောင်ဟာ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဆက်သွယ်ရေးတပ်ခွဲမှ ဗိုလ်ကြီးအောင်စိုးရဲ့ ယောက္ခမတော်စပ်သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

နိုင်ငံတကာ

ခြံဝင်းထဲမှာ အနှိပ်ခန်းတစ်ခု၊ ကာရာအိုကေခန်းတွေ၊ စားသောက်ဆိုင် တစ်ခုနဲ့ လိင်ဖျော်ဖြေရေး ပစ္စည်းတွေ စီစဉ်ထားရှိတာကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

သတင်း

ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ပါဝင်ပြီးရာထူးအဆင့် ၁၁ ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်သည်။

နိုင်ငံတကာ

အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲချက်တင် ခံထားရသူတွေဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒေါ်လာ ၃၉၀၀၀ လောက်နဲ့ ညီမျှတဲ့ ရူပီးငွေ သန်း ၆၀၀ ထိ ပြစ်ဒဏ် ချမှတ် ခံရနိုင်ပါတယ်။