Connect with us

Hi, what are you looking for?

News

ဒေါတဟေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုရှိဟု KNDF ထုတ်ပြန်

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြု ၍မရသေးကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ကယားပြည်နယ် လွိုင်လင်လေးမြို့နယ် ဒေါတ‌‌‌ဟေးကျေးရွာအနီးတွင် ယနေ့ညနေ ၅နာရီခန့်တွင် အကြမ်း ဖက်စစ်ကောင်စီများနှင့် ကရင်နီတပ်မတော် (KA) ၊KNDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိခဲ့ကြောင်း KNDF က ထုတ်ပြန် သည်။

ဩဂုတ်၂၈ ရက်က တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄၅မိနစ်ခန့် ကြာဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြု ၍မရသေးကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် (၃) လက်၊ ကျဉ်ဆံနှင့် အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထပ်မံသိမ်းဆည်း ရမိခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်လင်လေးနှင့် အနီးတဝိုက်တွင် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသော် လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အောက်ခြေတပ်သားများသည် တိုက်ပွဲအတွင်း ကြောက်လန့်ပြီး လက်နက်ပစ်ချစွန့်ခွာ ထွက်ပြေးမှုများရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။