Connect with us

Hi, what are you looking for?

News

ရေဒီယိုအသံကျယ်တဲ့ပြဿနာနဲ့ မြန်မာလုပ်သားက လုပ်ဖော်ကိုင်ဖက်ကို ပစ်သတ်

ရဲကို သက်သေထွက်ဆိုချက်အရ မြန်မာလုပ်သားဖွင့်ထားတဲ့ ရေဒီယိုအသံကျယ်နေတာကို နားညီးလို့တိုးခိုင်းတဲ့အခါမှာ အသက် ၃၇ နှစ်အရွယ် မြန်မာလုပ်သားက သူ့အနားက မြက်ရိတ်စက်အောက်မှာရှိတဲ့ သေနတ်ကိုယူပစ်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ရေဒီယိုအသံကျယ်လို့တိုးခိုင်းတဲ့ လုပ်ဖော်ကိုင်ဖက်ထိုင်းနိုင်ငံသားကို မြန်မာရွှေ့ပြောင်းလုပ်သားက ပစ်သတ်မှု ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ Phrom Phiram ခရိုင်ထဲမှာ ရှိတဲ့ ဂေါက်လှည်းပြင်ဆိုင်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တာပါ။

ရဲကို သက်သေထွက်ဆိုချက်အရ မြန်မာလုပ်သားဖွင့်ထားတဲ့ ရေဒီယိုအသံကျယ်နေတာကို နားညီးလို့တိုးခိုင်းတဲ့အခါမှာ အသက် ၃၇ နှစ်အရွယ် မြန်မာလုပ်သားက သူ့အနားက မြက်ရိတ်စက်အောက်မှာရှိတဲ့ သေနတ်ကိုယူပစ်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတဲ့ အဲဒီထိုင်းလုပ်သားဟာ ဆေးရုံရောက်ပြီးတဲ့နောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်၊၊

Public Service Announcement

Public Service Announcement

တရားခံမြန်မာလုပ်သားကိုတော့ လူသတ်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

Facebook