အာဏာသိမ်းစစ်ကောင်စီအောက်တွင် တာဝန်မထမ်းဆောင်တော့ဘဲ အကြမ်းမဖက်အာဏာဖီဆန်မှုတွင်ပါဝင်လာသော( CDM ပြုလုပ်သော) ၊ပြည်သူ့ရင်ခွင်ခုံလှုံလာသည့် တပ်မတော်သားများက ပထမဆုံးအကြိမ် ပြည်သူများသို့ ယနေ့တောင်ပန်လိုက်သည်။
CDM တပ်မတော်သားများကို ကူညီပေးနေသော ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်ပြီး CDM တပ်မတော်သားမျာဦးဆောင်ပြု နေသော ပြည်သူ့ရင်ခွင် (People’s Soldier) ဖေစ်ဘွခ်စာမျက်နှာက “စစ်တပ်ကို စွန့်ခွါပြီး ပြည်သူ့ဘက်ရက်တည်ခဲ့သူ တပ်မတော်သားများသည် တာဝန်ယူစိတ်ရှိရှိဖြင့် တစ်ဦးချင်းတောင်းပန်ခဲ့ပြီး ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ပိုမိုလေးနက်စွာ တောင်းပန်လိုသောကြောင့် ပြည်သူ့စစ်သားအများစုဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်သားများအဖွဲ့အနေဖြင့် ထပ်မံတောင်းပန်လိုပါသည်။
ကျွန်တော်တို့သည် အဖွဲ့အစည်းရဲ့ကောင်းမွေ ၊ ဆိုးမွေများ အားလုံးကို တာဝန်သိစိတ်ဖြင့် တာဝန်ယူရမည်ဟု နားလည်လက်ခံထားပါသည်။ မိမိကိုယ်တိုင် မကျုးလွန်သော်လည်း အဖွဲ့ဝင်များမှ ကျုးလွန်မှုများသည် အဖွဲ့ဝင်တိုင်းနှင့် သွယ်ဝိုက်သက်ဆိုင်ပါသည်။
တပ်မတော်သားကောင်းဖြစ်လိုသူများသည် ပြည်သူကို အနိုင်ကျင့်ကြမည်မဟုတ်ပါ။ အနိုင်ကျင့်သူများသည် ” တပ်မတော်သား”များ မဟုတ်ကြောင်း သိစေလိုပါသည်။

Public Service Announcement
ထိုသူများသည် တပ်မတော်သားဟူသော ဂုဏ်ပုဒ်နှင့်မထိုက်တန်ပါ။ထို့ကြောင့် ပြည်သူ့စစ်သားများအနေဖြင့် ” စစ်တပ်မှ ပြည်သူလူထုအပေါ်ကျုးလွန်ခဲ့သည်များကို လေးနက်စွာ တောင်းပန်အပ်ပါသည် “ဟု ဖော်ပြထားသည်။
ယခုအခါအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ထဲပါဝင်လာသော စစ်သား (၁၅၀၀) ကျော်ရှိနေပြီး ထပ်မံ၍ ၅၀၀ ခန့် CDM ဝင်ရန်ဆက်သွယ်လာကြောင်း ဗိုလ်ကြီးလင်းထက်အောင်က မီဒီယာများသို့ပြောသည်။ထိုအပြင် CDM လုပ်ရန်တပ်တွင်းမှာထွက်လာရန် လက်ရှိတွင်အခက်အခဲရှိနေသေးသော်လည်း တပ်တွင်းမှ သတင်းများပေး၍ ကူညီပေးနေသူများစွာရှိနေကြောင်းလည်းသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည် စစ်သားနှင့်ရဲများကိုစစ်အာဏာရှင်အမိန့်ကို မနာခံဘဲ ပြည်သူရင်ခွင်ခိုလှုံပါက ရာထူး ၊လစာ ၊ပင်ရင် ၊လုံခြုံရေး ၊ မိသားစုရပ်တည်ရေး တို့အတွက်တာဝန်ယူကြောင်း သြဂုတ်တတိယပတ်တွင်ဖိတ်ခေါ်ထားသည်။ထိုအပြင် ဖက်ဒရယ်တပ်မတော်တွင်ဆက်လက်တာဝန်ထမ်းဆောင်လိုပါကလည်း ထမ်းဆောင်ခွင့်ပြုမည်ဟုဖိတိခေါ်ထားသည်။

















































