Connect with us

Hi, what are you looking for?

News

ဖယ်ခုံတွင် KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များ ၂ နာရီကျော်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိ

စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီး ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး KA နှင့် KNDF ပူးပေါင်းတပ်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းတို့ပူးပေါင်းတပ်ဖွဲ့ဝင်များ၌ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဖယ်ခုံမြို့နယ်တွင် ယနေ့ညနေ ၃နာရီက ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ ၂ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီး ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး KA နှင့် KNDF ပူးပေါင်းတပ်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ၎င်းတို့ပူးပေါင်းတပ်ဖွဲ့ဝင်များ၌ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ်၊ ကုန်းဆုံရွာရှိ အရဟံဘုရားတောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း ‌ရွှေပြည်အေးကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းဖြန့်ကာ ခေါင်းအိကျေးရွာဘက်သို့ ထိုးစစ်ဆင်လျက်ရှိကြောင်း KNDF ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးအဖွဲ့များသည် လည်း ဖယ်ခုံမြို့အတွင်း လှုပ်ရှားလျက်ရှိပြီး ပြည်သူများကို ချိန်းခြောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။