Connect with us

Hi, what are you looking for?

News

ကိုဗစ်-၁၉ မျိုးကွဲ Delta ပိုးတွေ့သူ၁၅ဦး တွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနဆို

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၅ ဦး တွေ့ရှိရတယ်လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၅ ဦးဟာ နေပြည်တော်က ၅ ဦး၊ ရန်ကုန်နဲ့ မန္တလေးတို့က ၂ ဦးစီနဲ့ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တွေက ၁ ဦးစီတို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီ ၁၅ ဦးမှာ တွေ့ရတဲ့ ကိုဗစ်-၁၉ မျိုးကွဲဟာ Delta မျိုးစိတ်ဖြစ်တယ်လို့ ဆိုထားပြီး အဲဒီမျိုးစိတ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာကတည်းက မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ မျိုးစိတ်ဖြစ်ပါတယ်။

Delta မျိုးစိတ်ဟာ ရောဂါကူးစက်နိုင်မှုနဲ့ ရောဂါပြင်းထန်မှု မြင့်မားတာကြောင့် သေဆုံးနိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ် လဆန်းပိုင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု လွန်စွာမြင့်တက်ခဲ့ပြီး လူပေါင်းများစွာလည်း သေဆုံးခဲ့ရ ပါတယ်။ အဲဒီအချိန်ကတည်းက Delta မျိုးကွဲဟာ မြန်မာနိုင်ငံမှာ ရောက်ရှိပြန့်ပွားနေပြီလို့ ယုံကြည်သူတွေလည်းရှိနေပါတယ်။

Public Service Announcement

အဲဒီလိုရောဂါကူးစက်မှုနဲ့ သေဆုံးမှု တစ်ရှိန်တိုးမြင့်တက်နေတုန်းက အာဏာလုယူထားတဲ့ စစ်ကောင်စီဟာ သတင်းထိန်ချန်ပြီး ထုတ်ပြန်ခဲ့သလို သတင်းအမှားတွေလည်း ထုတ်ပြန်ခဲ့တယ်လို့ ပြည်သူတွေက မှတ်ယူခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီဟာ အများပြည်သူရုံးပိတ်ရက်တွေ သက်တမ်းထပ်ခါထပ်ခါတိုးမြှင့်တာကလွဲပြီး အခြားလုပ်ဆောင်တာမတွေ့ရဘဲ စက်တင်ဘာ ၁၀ ရက်အထိ ရုံးပိတ်ရက်ထပ်တိုးထားပါတယ်။

လက်ရှိ မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ မျိုးစိတ်တွေ့ရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အများပြည်သူကို ကြောက်လန့်အောင်ထုတ်ပြန်တာဖြစ်တယ်လို့ သုံးသပ်သူတွေရှိနေပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့အပါအဝင် အခြားမြို့​တွေမှာ ကိုဗစ်ပိုး​တွေ့နှုန်းနဲ့ ​သေဆုံးနှုန်းကျ​နေတဲ့အချိန်မှာ အခုလို ပိုးအသစ်​တွေ့ရှိတယ်လို့ စစ်​ကောင်စီရဲ့ထုတ်ပြန်လိုက်တဲ့အ​ပေါ် မှာ ပြည်သူ​တွေ အပြင်မထွက်ရဲ​အောင်လုပ်​နေတာလို့ သုံးသပ်​နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။