Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကို ဖြတ်သုံးဖြတ်ကတစ်ဆင့် အရေးယူမှုတွေတိုးချဲ့လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကို အထူးအကြံပေးကောင်စီတောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေကို အရေးယူတုံ့ပြန်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေ မရှိခဲ့ပါဘူး။

နိုင်ငံတကာအသိုင်းအဝိုင်းဟာ အကြမ်းဖက်မြန်မာစစ်တပ်ကို ဖြတ်သုံးဖြတ်ကတစ်ဆင့် အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ အထူးအကြံပေးကောင်စီ(SAC-M)ဟာ သူတို့ရဲ့ တတိယ မြောက် ဆန်းစစ်လေ့လာချက်စာတမ်း(မြန်မာနိုင်ငံမှာ ကာကွယ်ပေးရန်တာဝန်ရှိမှု-R2P)ကို ဒီနေ့ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို (၁)စစ်လက်နက် ပစ္စည်းထောက်ပံ့တာကို ဖြတ်တောက်ဖို့၊ (၂)ငွေကြေး စီးဝင်မှုကို ဖြတ်တောက်ဖို့၊ (၃)အပြစ်ကင်းလွတ်နေမှုကိုအဆုံးသတ်ဖြတ်တောက်ဖို့ စတဲ့ ဖြတ်သုံးဖြတ်ကို တိုးချဲ့ လုပ်ဆောင်ရေး တောင်းဆိုခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာနေထိုင်သူတွေက နိုင်ငံတကာအသိုင်းအ၀ိုင်းဆီက ကူညီထောက်ပံ့မှုရရှိဖို့ တောင်းဆိုခဲ့ကြပြီး အထူးသဖြင့် အာဏာသိမ်းအပြီး အစောပိုင်းကာလတွေမှာ နိုင်ငံခြား စစ်တပ်တွေဝင်ရောက်စွက်ဖက်မှုကိုမျှော်လင့်တဲ့အနေနဲ့ ဆန္ဒပြသူအများအပြားက R2Pကိုတောင်းဆိုတဲ့ ဗီနိုင်း တွေ ကိုင်ဆောင်ပြသခဲ့ကြပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှု ၇ လကြာချိန်အထိ နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ R2P ပဋိဉာဉ်အောက်ကနေ စုစည်းညီ ညွတ်တဲ့အရေးယူမှုလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အထူးအကြံပေးကောင်စီရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေကို အရေးယူတုံ့ပြန်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံတွင်ကို နိုင်ငံခြားစစ်တပ်တွေကြားဝင်ဆောင်ရွက်ခြင်းဟာ လွန်စွာမဖြစ်နိုင်ဘဲ ပြည်တွင်းအခြေအနေ ကိုလည်း ပြင်းပြင်းထန်ထန်ဆိုးရွားသွားစေနိုင်တယ်လို့ စာတမ်းမှာ ထောက်ပြထားပါတယ်။

တစ်ဖက်မှာလည်း R2P အောက်ကနေ အခြားနည်းလမ်းတွေနဲ့ အရေးယူဆောင်ရွက်နိုင်တာတွေ ရှိနေပြီး အကြမ်း ဖက်မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ခြင်း၊ ပစ်မှတ်ထားတာ အရေးယူဒဏ်ခတ်ခြင်းနဲ့ တာဝန်ခံစေဖို့ တိုးမြှင့်ဆောင်ရွက်ခြင်း စတာတွေ ပါဝင်တယ်လို့ SAC-M က သုံးသပ်ထားပါတယ်။

(ရန်ကုန်မြို့ရှိ အ​မေရိကန်သံရုံး​ရှေ့၌ ဆန္ဒပြ​တောင်းဆို​နေသူများကို ​ဖေ​ဖော်ဝါရီလက ​တွေ့ရစဥ်၊ ဓါတ်ပုံ – PS)

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

သတင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းလိုက်တဲ့ စစ်ရေးမဟာမိတ်အစုအဖွဲ့သစ်ကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က တိုက်တွန်းလိုက်ပါတယ်။