Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်ကို ဖြတ်သုံးဖြတ်ကတစ်ဆင့် အရေးယူမှုတွေတိုးချဲ့လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကို အထူးအကြံပေးကောင်စီတောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေကို အရေးယူတုံ့ပြန်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေ မရှိခဲ့ပါဘူး။

နိုင်ငံတကာအသိုင်းအဝိုင်းဟာ အကြမ်းဖက်မြန်မာစစ်တပ်ကို ဖြတ်သုံးဖြတ်ကတစ်ဆင့် အရေးယူမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ အထူးအကြံပေးကောင်စီ(SAC-M)ဟာ သူတို့ရဲ့ တတိယ မြောက် ဆန်းစစ်လေ့လာချက်စာတမ်း(မြန်မာနိုင်ငံမှာ ကာကွယ်ပေးရန်တာဝန်ရှိမှု-R2P)ကို ဒီနေ့ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို (၁)စစ်လက်နက် ပစ္စည်းထောက်ပံ့တာကို ဖြတ်တောက်ဖို့၊ (၂)ငွေကြေး စီးဝင်မှုကို ဖြတ်တောက်ဖို့၊ (၃)အပြစ်ကင်းလွတ်နေမှုကိုအဆုံးသတ်ဖြတ်တောက်ဖို့ စတဲ့ ဖြတ်သုံးဖြတ်ကို တိုးချဲ့ လုပ်ဆောင်ရေး တောင်းဆိုခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာနေထိုင်သူတွေက နိုင်ငံတကာအသိုင်းအ၀ိုင်းဆီက ကူညီထောက်ပံ့မှုရရှိဖို့ တောင်းဆိုခဲ့ကြပြီး အထူးသဖြင့် အာဏာသိမ်းအပြီး အစောပိုင်းကာလတွေမှာ နိုင်ငံခြား စစ်တပ်တွေဝင်ရောက်စွက်ဖက်မှုကိုမျှော်လင့်တဲ့အနေနဲ့ ဆန္ဒပြသူအများအပြားက R2Pကိုတောင်းဆိုတဲ့ ဗီနိုင်း တွေ ကိုင်ဆောင်ပြသခဲ့ကြပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှု ၇ လကြာချိန်အထိ နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ R2P ပဋိဉာဉ်အောက်ကနေ စုစည်းညီ ညွတ်တဲ့အရေးယူမှုလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အထူးအကြံပေးကောင်စီရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့ အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေကို အရေးယူတုံ့ပြန်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံတွင်ကို နိုင်ငံခြားစစ်တပ်တွေကြားဝင်ဆောင်ရွက်ခြင်းဟာ လွန်စွာမဖြစ်နိုင်ဘဲ ပြည်တွင်းအခြေအနေ ကိုလည်း ပြင်းပြင်းထန်ထန်ဆိုးရွားသွားစေနိုင်တယ်လို့ စာတမ်းမှာ ထောက်ပြထားပါတယ်။

တစ်ဖက်မှာလည်း R2P အောက်ကနေ အခြားနည်းလမ်းတွေနဲ့ အရေးယူဆောင်ရွက်နိုင်တာတွေ ရှိနေပြီး အကြမ်း ဖက်မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ခြင်း၊ ပစ်မှတ်ထားတာ အရေးယူဒဏ်ခတ်ခြင်းနဲ့ တာဝန်ခံစေဖို့ တိုးမြှင့်ဆောင်ရွက်ခြင်း စတာတွေ ပါဝင်တယ်လို့ SAC-M က သုံးသပ်ထားပါတယ်။

(ရန်ကုန်မြို့ရှိ အ​မေရိကန်သံရုံး​ရှေ့၌ ဆန္ဒပြ​တောင်းဆို​နေသူများကို ​ဖေ​ဖော်ဝါရီလက ​တွေ့ရစဥ်၊ ဓါတ်ပုံ – PS)

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။