Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ် စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဇူလိုင်မိုးဆိုသူဖြစ်ပြီး လှိုင်မြို့နယ် (၁) ရပ်ကွက် အောင်မေတ္တာလမ်း အင်ကြင်းလက်ဖက်ရည်ဆိုင်အနီး ပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ယနေ့ညနေ ၆ နာရီခွဲခန့်က စစ်ကောင်စီ၏သတင်းပေးဟု နာမည်ထွက်သူတစ်ဦး သေနတ်ဖြင့်ပစ်ခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဇူလိုင်မိုးဆိုသူဖြစ်ပြီး လှိုင်မြို့နယ် (၁) ရပ်ကွက် အောင်မေတ္တာလမ်း အင်ကြင်းလက်ဖက်ရည်ဆိုင်အနီး ပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဟိုတစ်ခါ သူတို့အနားက PDF ကောင်မလေး အိမ်ပြန်လာတာ နောက်နေ့လာဖမ်းသွားတယ်။ စကစအဖွဲ့တွေ။ သူ့လက်ချက်လို့သတင်းထွက်နေတာ”ဟု ၎င်းက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် အောင်မေတ္တာလမ်း၌ စစ်ကောင် စီတပ်များရောက်ရှိနေသောကြောင့် အနီးဝန်းကျင်နေအိမ်များက လျှပ်စစ်မီးများ မှိတ်ထားရသည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အဆိုပါ (၁)ရပ်ကွက်နေ သတင်းပေးဒလန်တစ်ဦးဖြစ်သည့် ဦးတင်လှိုင်ဆိုသူလည်း သေနတ်ဖြင့်ပစ်ခံရကာ သေဆုံးခဲ့သည်။

ယနေ့ညနေပိုင်း ပစ်သတ်ခံရသည့် စစ်ကောင်စီသတင်းပေး ဇူလိုင်မိုးမှာ အထက်ပါ ဦးတင်လှိုင်၏ တပည့်တစ်ဦးဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။