Connect with us

Hi, what are you looking for?

News

သူရဲကောင်းမလေးမကြယ်စင် ကျဆုံးခြင်း(၆)လပြည့်မှာ ဝမ်းနည်းကြောင်းပြသတဲ့ မန္တလေးသပိတ်အင်အားစု

စစ်တပ်က အာဏာသိမ်းမှုကြောင့် မန္တလေးမြို့၌ ကန့်ကွက်ဆန္ဒပြနေသူများကို အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းရာ မတ်လ၃ရက်တွင် မကြယ်စင်မှာ ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့ခြင်းဖြစ် သည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြကန့်ကွက်စဥ် ဦးခေါင်းကျည်ထိမှန်ကျဆုံးခဲ့သော သူရဲကောင်းမလေးမကြယ်စင်(ကျားရှီး)ကျဆုံးခြင်း (၆)လပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မန္တလေသပိတ်အင်အားစုသပိတ်စစ်ကြောင်းသည် ယနေ့နံနက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ဆန္ဒပြသူများသည် မကြယ်စင်ကျဆုံးသည့်နေ့က ဝတ်ဆင်ခဲ့သော “EVERY THING WILL BE OK” စာတန်းပါ အကျီများ ဆင်တူဝတ်ဆင်ကာ ချီတက်ခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် မန္တလေးမြို့၌ ကန့်ကွက်ဆန္ဒပြနေသူများကို အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းရာ မတ်လ၃ရက်တွင် မကြယ်စင်မှာ ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့ခြင်းဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။