Connect with us

Hi, what are you looking for?

News

ထန်တလန်တိုက်ပွဲတွင် ကျဆုံးသွားသော ဆလိုင်းလျန်ထာထန်းအတွက် ဝမ်းနည်းကြောင်းCDF ထုတ်ပြန်

အလားတူ ရဲဘော်ဆလိုင်းလျန်ထာထန်း၏ ပေးဆပ်မှုများ စွမ်းတောင်ခဲ့မှုများကို ဦးညွတ်အလေးပြုကြောင်း CDF-Thantlang က ထုတ်ပြန်ထားသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ဆလိုင်းလျန်ထာထန်းကျဆုံးမှုအတွက် ချင်းပြည်သူ့ကာကွယ်ရေးတပ်(CDF-Thantlang)ကဝမ်းနည်းကြောင်း ယနေ့ ထုတ်ပြန်သည်။

ဆလိုင်းလျန်ထာထန်းသည် ယမန်နေ့(စက်တာဘာ ၄)က ထန်တလန်မြို့နယ် ရှေ့တန်းတစ်နေရာတွင် နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးသွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် CDF-Thantlang အနေဖြင့် ဆလိုင်းလျန်ထာထန်း၏ ပေးဆပ်မှုအတွက် မိသားစုနှင့်ထပ်တူခံစားရကြောင်းနှင့် ၎င်းမျှော်မှန်းခဲ့သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ ရဲဘော်ဆလိုင်းလျန်ထာထန်း၏ ပေးဆပ်မှုများ စွမ်းတောင်ခဲ့မှုများကို ဦးညွတ်အလေးပြုကြောင်း CDF-Thantlang က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။