Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အုပ်စု၏ စီမံကိန်းလုပ်ငန်းလုပ်ကိုင်သူနှင့် ကုမ္ပဏီများကို တိုက်ခိုက်အရေးယူ​တော့မည်ဟု CDF သတိ​ပေး

CDF သည် စစ်အာဏာရှင်စနစ်၊ မတရားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း ပပျောက်ရန်၊ မိမိဒေသကာကွယ်ရန်နှင့် ဒီမိုကရေစီအခြေခံဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူ ရေးအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်သူ့အစိုးရပေါ်ပေါက်လာနိုင်သည်အထိ ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်သည်ဟုဆိုသည်။

People's Spring
People's Spring

တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ စီမံကိန်းမှန်သမျှ လုပ်ကိုင်အကောင်အထည်ဖော်ခွင့်အား အောက်တိုဘာ ၁ရက်ကစ၍ တရားဝင်ပြည်သူ့အစိုးရ တစ်ရပ်ပေါ် ပေါက်သည်အထိ ပိတ်ပင်တားမြစ်လိုက်ပြီး လိုက်နာမှုမရှိသည့် ကုမ္ပဏီ ၊အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအားအကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းသူများအဖြစ် သတ်မှတ်ပြီး အရေးယူမည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF)က ထုတ်ပြန် သည်။

CDF အနေဖြင့် တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ စီမံကိန်းများ၊ အထူးသဖြင့် တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ တည်ဆဲဘတ်ဂျက်၏ တင်ဒါလုပ်ငန်းများကို ၂၀၂၁ စက်တင်ဘာလကုန်အထိသာ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း၊RE ဘတ်ဂျက်ဖြင့်သော်လည်းကောင်း၊ ဘတ်ဂျက်အသစ်ဖြင့်သော်လည်းကောင်း၊ တရားမဝင်အကြမ်း ဖက်စစ်အုပ်စု၏ စီမံကိန်းမှန်သမျှ အားလုံးကို တားမြစ်ကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်အား တိကျစွာ လိုက်နာခြင်းမပြုသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား အ ကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းသူများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး တာဝန်ရှိသူများနှင့် ၎င်း၏ပိုင်ဆိုင်သော ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခြင်း သို့မဟုတ် တိုက်ခိုက်အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အာဏာရှင်စစ်အုပ်စုသည် ပြည်သူ့အာဏာနှင့် နိုင်ငံတော် ၏ အချုပ်အခြာအာဏာကို မတရားမောင်ပိုင်စီးလုယူနေသည်သာမက ပြည်သူများ တပ်ဆင်ပေးသော လက်နက် အားကိုးဖြင့် ပြည်သူများကို နေ့စဉ်နဲ့အမျှ နိုင်ထက်စီးနင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး တိုင်း ပြည်၏ မြေပေါ်မြေ အောက်အရင်းအမြစ်များကိုလည်း ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်လျက်သည်ကို တွေ့ရှိရကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

CDF သည် စစ်အာဏာရှင်စနစ်၊ မတရားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း ပပျောက်ရန်၊ မိမိဒေသကာကွယ်ရန်နှင့် ဒီမိုကရေစီအခြေခံဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူ ရေးအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်သူ့အစိုးရပေါ်ပေါက်လာနိုင်သည်အထိ ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့တည်ထောင်ထားသည်နှင့်အညီ အာဏာသိမ်းစစ်အုပ်စု၏ မည်သို့သော လုပ်ငန်းနှင့် စီမံကိန်းမျိုးမဆို ဆန့်ကျင် တိုက်ခိုက်ရန် ပြည်သူတွင်တာဝန်ရှိဟု ခံယူကြောင်း ဖော်ပြထားသည်။

ယခုအချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံဖြိုးရေးစသော အတု ယောင် ခေါင်းစဉ်များတပ်ကာ နိုင်ငံရေးကစားကွက်နှင့် စည်းရုံးရေးမက်လုံးများပေးသော စီမံကိန်းအမျိုးမျိုးအား မတရား ဖော်ဆောင်ခြင်း၊ ယင်းစီမံကိန်းများအကြောင်းပြလျက် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်း နယ်မြေစိုးမိုးရေးနှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားများအေပါ် စုံစမ်းထောက်လှမ်းမှုများ ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့နေရကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။