Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က MNDAAကို လက်နက်ကြီးဖြင့် ရာနှင့်ချီပစ်ခတ်၍ ထိုးစစ်ဆင်နေ

အဆိုပါ ဒေသတိုက်ပွဲ၌ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ထောက်လှမ်းရေးများပြုလုပ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းက တိုက်ပွဲအတွင် အသင့်ပြင်ကာ MNDAAကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

People's Spring
People's Spring

စစ်ကောင်စီတပ်က မုံးကိုးခရိုင်အတွင်းရှိ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)ကို ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေရာ လက်နက်ကြီးပစ်ကူ၍ ရာနှင့်ချီပစ်ခတ်ခဲ့ကြောင်း MNDAAက သတင်းထုတ် ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ၅ရက်) က မုံးကိုးခရိုင်ဖောင်းဆိုင်ဒေသသို့ ထိုးစစ်ဆင်လာမှု အခြေအနေကို MNDAAက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ အစောပိုင်းမှစ၍ စစ်ကောင်စီ၏အမြောက်တပ် သည်ဖောင်းဆိုင်ဒေသရှိ MNDAAတပ်ကို ပြင်းပြင်း ထန်ထန်ပစ်ခတ် တိုက်ခိုက် ခဲ့ပြီးနောက် အင်အား ၂၀၀ ခန့် ရှိ စစ်ကောင်စီတပ်သည် စစ်ကြေငာ်း ၃ကြောင်းခွဲ၍ မြေပြင်မှ ထိုးစစ်ဆင်လာကြောင်း၊ တိုက်ပွဲတွင် MNDAA တပ်ဖွဲ့ဝင် ၁ဦး ကျဆုံးပြီး ၁ဦး ဒဏ်ရာပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုကို မသိရသေးဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီတပ် မြေပြင်မှထိုးစစ်လာစဉ် လက်နက်ကြီးများဖြင့်လည်း ပြင်းပြင်းထန်ထန် ပစ်ကူ တိုက်ခိုက်ခဲ့ရာ အကြိမ် ၆၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် MNDAA၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ အထိနာသွား၍ နောက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ကြိုကြား ကြိုကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒေသတိုက်ပွဲ၌ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ထောက်လှမ်းရေးများပြုလုပ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းက တိုက်ပွဲအတွင် အသင့်ပြင်ကာ MNDAAကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကိုးကန့်အဖွဲ့အနေဖြင့် ၎င်း၏ မဟာမိတ်များဖြစ်သော တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့နှင့် ပူးတွဲပြီး စက်တင်ဘာ ၄ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ပြည်သူများ၏ လုံခြုံရေးအရပ်ရပ်ကိုထိပါးစေမည့် စစ်ရေးလှုပ်ရှား ခြင်း၊ စိုးရိမ်ကြောင့်ကြမှုကိုရစေမည့် အပြုအမှုများကို အတတ်နိုင်ဆုံး လျှော့ချခြင်း၊ ရှောင်ကြဉ်ခြင်း၊ ရပ်တန့်ခြင်းများကိုပြုလုပ်ကြပါရန် သက်ဆိုင် ရာလက်နက်ကိုင်အဖွဲ့အစည်းများ၊ အစုအဖွဲ့များအားလုံးများကို တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။