Connect with us

Hi, what are you looking for?

News

လွိုင်ကော် – ဒီးမော့ဆိုကြားတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်

KNDF အနေဖြင့်လည်း တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ နှင့်အတူ စစ်အာဏာရှင် စနစ်ကိုအမြစ်ပြတ်ခြေမှုန်းရေးအတွက် ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီတပ်များကို တွန်းလှန်တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

လွိုင်ကော်နှင့်ဒီမော့ဆိုမြို့နယ်အကြား ‌ဒေါပိုးစီကျေးရွာ အနီးတွင်လာရောက်တပ်စွဲသော စစ်ကောင်စီတပ်များကို ယနေ့မွန်းလွဲပိုင်း၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်းများမှ ခုခံတိုက်ခိုက်လျက်ရှိကြောင်း KNDFက သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ မှ စက်တင်ဘာလ (၇) ရက်တွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်း ပစ်ရန်အတွက် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာ၌ KNDF၏ လက်ရှိ ဆောင်ရွက်ချက်ကို ဖော်ပြခဲ့သည်။

ထိုသို့ကြေညာအပြီး တိုင်းရင်းသားပြည်နယ်များတွင် တိုက်ပွဲများ အရှိန်မြင့်လာပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်‌ရေးလှုပ်ရှား မှုများ ပြုလုပ်လာကြောင်း၊နိုင်ငံတဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း စစ်ရေးပြင်ဆင်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာလျက်ရှိကြောင်း ထုတ်ပြန်သည်။

KNDF အနေဖြင့်လည်း တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ နှင့်အတူ စစ်အာဏာရှင် စနစ်ကိုအမြစ်ပြတ်ခြေမှုန်းရေးအတွက် ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီတပ်များကို တွန်းလှန်တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုကြောင့် ကရင်နီပြည်သူလူထုများအနေဖြင့် စိုးရိမ်ထိန့်လန့် ခြင်းမရှိဘဲ၊ လှုံခြုံရေး သတိရှိကြပါရန် နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတွန်းလှန်တိုက်ခိုက်ရန် KNDFက တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။