Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ လေးဦးသေ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့သော် လည်း KNDF ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိဟု ဖော်ပြထားသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်းတွင် လွိုင်ကော်နှင့် ဒီးမော့ဆိုကြားရှိ ဒေါပိုးစီကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် ဒီးမော့ဆိုမြို့နယ်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့သော် လည်း KNDF ဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိဟု ဖော်ပြထားသည်။

ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အားများ ဖြန့်ကျက်လျက်ရှိကြောင်း၊ အဆိုပါ မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်ဖွယ်ရှိ၍ ပြည်သူများ လုံခြုံရေးအထူးသတိထားကြရန် KNDFက အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook