Connect with us

Hi, what are you looking for?

News

ကရင်နီ(ကယား)ပြည်နယ်မှာ တိုက်ပွဲတွေပိုစိပ်လာနိုင်တယ်လို့ KSCC သတိပေး

အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့လုံခြုံရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ပေးဖို့ KSCC က ဆက်လက်တိုက်တွန်းထားပါတယ်။

ကရင်နီ(ကယား)ပြည်နယ်မှာ စစ်ရေးစစ်ရှိန်မြင့်တက်လာဖွယ်ရှိပြီး တိုက်ပွဲတွေ ပိုမိုစိပ်လာနိုင်တယ်လို့ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)က မနေ့က(စက်တင်ဘာ၈)ရက်စွဲနဲ့က သတိပေးချက် ထုတ်ပြန်ပါတယ်။

အဲဒီလို စစ်ရေးစစ်ရှိန်မြင့်လာနိုင်တာကြောင့် ကရင်နီပြည်သူပြည်သားတွေအနေနဲ့ စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ မိမိတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုကြဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်များ(KA၊ KNDF၊PDFs)တို့ရဲ့ လုံခြုံ ရေးဆိုင်ရာညွန်ကြားချက်တွေကို စနစ်တကျလိုက်နာကြဖို့၊ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းကို သတိပြုဖို့ KSCCက အသိပေးထားပါတယ်။

ဆက်လက်ပြီး မှန်ကန်တဲ့သတင်းစီးဆင်းမှုတွေကိုသာ အတည်ပြုရယူဖို့နဲ့ မြေပြင်မှာ ပြည်သူအချင်းချင်းအကြားမှန်ကန်တဲ့သတင်းပေးမှုတွေနဲ့ မိမိတို့ရဲ့လုံခြုံရေးကို ပြင်ဆင်ထားဖို့၊ စစ်ဘေး ရှောင်ပြည်သူတွေအနေနဲ့ ရောက်ရှိရာ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေက သတ် မှတ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့လည်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မိမိတို့ပတ်ဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဒလန်တွေရှိပါက နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အသိပေးဖို့နဲ့ စစ် ရှောင်စခန်းတွေဆီ ခေါ်ဆောင် သွားလာခြင်းမပြုဖို့ KSCC က သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့လုံခြုံရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ပေးဖို့ KSCC က ဆက်လက်တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကတည်းက အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေစစ်ကြောင်းထိုးမှုတွေ ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KA၊ KNDF၊ PDFs တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။