Connect with us

Hi, what are you looking for?

LuduNwayOo

News

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ZERO အဖွဲ့က တိုက်ခိုက်ရာ ၁၅ဦး​သေ၊ ၁၂ဦးဒဏ်ရာရ

စက်တင်ဘာ ၉ရက် ညပိုင်းတွင် မြင်းခြံမြို့နယ် သင်ပြွန်းကျေးရွာဘက်မှ တည်ပင်ကျေးရွာ ဘက်သို့ ကား၊ ဆိုင်ကယ်များဖြင့် မောင်းနှင်သွားသည့် စစ်ကောင်စီတပ်ကို အပြန်လမ်းတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မြင်းခြံမြို့နယ်တွင် ဆိုင်ကယ်၊ကာများဖြင့် လှုပ်ရှားသွား လာနေသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး​သေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံနယ်တ၀ိုက်၌ လှုပ်ရှားနေသည့် ZERO ပြောက်ကြားအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

“အဲဒီရွာတွေက မြင်းခြံနဲ့ နွားထိုးကြီးကြားမှာရှိတာ။အခု ဖြစ်တာက သင်ပြွန်းဘက်မှာ။ညက ဖြစ်တာ။ အကျ အဆုံးစာရင်းက ကိုယ့်ဘာသာကိုယ် ခန့်မှန်းပေါ့။ကားကို ဗုံးခွဲတာ ဟိုဘက်က တော်တော်သေတယ်။ သူတို့ကားတစ်စီးထိသွားတာ ဟိုဘက်က တော်တော်ပါကုန်တာ” ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၉ရက် ညပိုင်းတွင် မြင်းခြံမြို့နယ် သင်ပြွန်းကျေးရွာဘက်မှ တည်ပင်ကျေးရွာ ဘက်သို့ ကား၊ ဆိုင်ကယ်များဖြင့် မောင်းနှင်သွားသည့် စစ်ကောင်စီတပ်ကို အပြန်လမ်းတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ZERO ပြောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး ၎င်းတို့တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။