Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ZERO အဖွဲ့က တိုက်ခိုက်ရာ ၁၅ဦး​သေ၊ ၁၂ဦးဒဏ်ရာရ

စက်တင်ဘာ ၉ရက် ညပိုင်းတွင် မြင်းခြံမြို့နယ် သင်ပြွန်းကျေးရွာဘက်မှ တည်ပင်ကျေးရွာ ဘက်သို့ ကား၊ ဆိုင်ကယ်များဖြင့် မောင်းနှင်သွားသည့် စစ်ကောင်စီတပ်ကို အပြန်လမ်းတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

မြင်းခြံမြို့နယ်တွင် ဆိုင်ကယ်၊ကာများဖြင့် လှုပ်ရှားသွား လာနေသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး​သေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံနယ်တ၀ိုက်၌ လှုပ်ရှားနေသည့် ZERO ပြောက်ကြားအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

“အဲဒီရွာတွေက မြင်းခြံနဲ့ နွားထိုးကြီးကြားမှာရှိတာ။အခု ဖြစ်တာက သင်ပြွန်းဘက်မှာ။ညက ဖြစ်တာ။ အကျ အဆုံးစာရင်းက ကိုယ့်ဘာသာကိုယ် ခန့်မှန်းပေါ့။ကားကို ဗုံးခွဲတာ ဟိုဘက်က တော်တော်သေတယ်။ သူတို့ကားတစ်စီးထိသွားတာ ဟိုဘက်က တော်တော်ပါကုန်တာ” ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၉ရက် ညပိုင်းတွင် မြင်းခြံမြို့နယ် သင်ပြွန်းကျေးရွာဘက်မှ တည်ပင်ကျေးရွာ ဘက်သို့ ကား၊ ဆိုင်ကယ်များဖြင့် မောင်းနှင်သွားသည့် စစ်ကောင်စီတပ်ကို အပြန်လမ်းတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့သည်ဟု ZERO ပြောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး ၎င်းတို့တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။