Connect with us

Hi, what are you looking for?

News

ရွှေဘိုPDF က စစ်ကောင်စီသတင်းပေးဟုဆိုသူတစ်ဦးကိုသေနတ်ဖြင့်ပစ်

“သူ့မိန်းမကတော့ ဆေးရုံလိုက်သွားတယ်။ သေပြီလို့လည်း ပြောနေကြတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

(ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီတပ်ကပြည်သူများကို ခြိမ်းခြောက်ထားသော စာအား ချိတ်ဆွဲထားစဥ်၊ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်တွင် ယနေ့နံနက်က စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခဲ့ရာ ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း People Defense Force – Shweboက ထုတ်ပြန် သည်။

ယနေ့( စက်တင်ဘာ ၁၁ ရက်) နံနက် ၆ နာရီခန့်က ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး ငွေချိုဆိုသူအား ပစ္စတိုဖြင့် ၇ ချက် ပစ်ခတ်သတိပေးခဲ့ရာ ဒဏ်ရာပြင်းထန်ကြောင်း People Defense Force – Shwebo က အသိပေးသည်။

“သူ့မိန်းမကတော့ ဆေးရုံလိုက်သွားတယ်။ သေပြီလို့လည်း ပြောနေကြတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

ရွှေဘိုရှိ စစ်အာဏာရှင်နှင့် လက်ပါးစေအားလုံးကို နှိမ်နင်း တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ရွှေဘိုနယ်ပြည်သူလူထုကို မတရားနှိပ်စက်နေသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများအားလုံး အချိန်မနှောင်းခင် နှုတ်ထွက် လက်နက်ချကြရန် People Defense Force – Shwebo က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook