Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုPDF က စစ်ကောင်စီသတင်းပေးဟုဆိုသူတစ်ဦးကိုသေနတ်ဖြင့်ပစ်

“သူ့မိန်းမကတော့ ဆေးရုံလိုက်သွားတယ်။ သေပြီလို့လည်း ပြောနေကြတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

(ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီတပ်ကပြည်သူများကို ခြိမ်းခြောက်ထားသော စာအား ချိတ်ဆွဲထားစဥ်၊ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်တွင် ယနေ့နံနက်က စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခဲ့ရာ ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း People Defense Force – Shweboက ထုတ်ပြန် သည်။

ယနေ့( စက်တင်ဘာ ၁၁ ရက်) နံနက် ၆ နာရီခန့်က ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး ငွေချိုဆိုသူအား ပစ္စတိုဖြင့် ၇ ချက် ပစ်ခတ်သတိပေးခဲ့ရာ ဒဏ်ရာပြင်းထန်ကြောင်း People Defense Force – Shwebo က အသိပေးသည်။

“သူ့မိန်းမကတော့ ဆေးရုံလိုက်သွားတယ်။ သေပြီလို့လည်း ပြောနေကြတယ်”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

ရွှေဘိုရှိ စစ်အာဏာရှင်နှင့် လက်ပါးစေအားလုံးကို နှိမ်နင်း တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ရွှေဘိုနယ်ပြည်သူလူထုကို မတရားနှိပ်စက်နေသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများအားလုံး အချိန်မနှောင်းခင် နှုတ်ထွက် လက်နက်ချကြရန် People Defense Force – Shwebo က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။