Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဥက္ကလာပ ကညနရုံးအနီး ဗုံးပေါက်၊ လူနှစ်ဦးဒဏ်ရာရ

ကညနရုံးအနီးရှိ အမှိုက်ကန်အတွင်း ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး အမှိုက်ကောက် ကလေးငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြော သည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ကညနရုံးတွင် ယနေ့ (စက်တင်ဘာ ၁၂ ရက်) နေ့လည် ၁၁ နာရီခွဲကျော်က ဗုံးပေါက်ကွဲပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ကညနရုံးအနီးရှိ အမှိုက်ကန်အတွင်း ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး အမှိုက်ကောက် ကလေးငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြော သည်။

“ဗုံးက ကညနရုံးနားက အမှိုက်တွေပစ်တဲ့ ကန်နားမှာ ပေါက်ကွဲတာပါ။ အသံအကျယ်ကြီးတော့ ကြားလိုက်ရတယ်။ အမှိုက်လာကောက်တဲ့ ကလေးတစ်ယောက်နဲ့ အနားမှာ လမ်းလျောက်သွားနေတဲ့ လူတစ်ယောက် ထိသွားတယ်လို့ သိရပါတယ်။ ပြင်းထန်မှု ရှိ မရှိ သေချာမသိပါဘူး။ ဆေးရုံကားတွေတော့ လာခေါ်သွားပါပြီ ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များရောက်ရှိလာကာ ကညနရုံးအနီးလမ်းများကို ပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုတက္ကသိုလ်နှင့် ကညနရုံးတို့ရှိ စစ်ကောင်စီတပ်သားများသည် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။

သတင်း

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စော်ဘွားကြီးကုန်း ပန်းခြံအနီးနှင့် အင်းစိန်လမ်းမတလျောက်တို့တွင် စစ်ကောင်စီ၏ ကင်းလှည့်ကားများ လှည့်ပတ်စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။