Connect with us

Hi, what are you looking for?

News

တောင်ဥက္ကလာပ ကညနရုံးအနီး ဗုံးပေါက်၊ လူနှစ်ဦးဒဏ်ရာရ

ကညနရုံးအနီးရှိ အမှိုက်ကန်အတွင်း ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး အမှိုက်ကောက် ကလေးငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြော သည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ကညနရုံးတွင် ယနေ့ (စက်တင်ဘာ ၁၂ ရက်) နေ့လည် ၁၁ နာရီခွဲကျော်က ဗုံးပေါက်ကွဲပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ကညနရုံးအနီးရှိ အမှိုက်ကန်အတွင်း ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး အမှိုက်ကောက် ကလေးငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြော သည်။

“ဗုံးက ကညနရုံးနားက အမှိုက်တွေပစ်တဲ့ ကန်နားမှာ ပေါက်ကွဲတာပါ။ အသံအကျယ်ကြီးတော့ ကြားလိုက်ရတယ်။ အမှိုက်လာကောက်တဲ့ ကလေးတစ်ယောက်နဲ့ အနားမှာ လမ်းလျောက်သွားနေတဲ့ လူတစ်ယောက် ထိသွားတယ်လို့ သိရပါတယ်။ ပြင်းထန်မှု ရှိ မရှိ သေချာမသိပါဘူး။ ဆေးရုံကားတွေတော့ လာခေါ်သွားပါပြီ ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များရောက်ရှိလာကာ ကညနရုံးအနီးလမ်းများကို ပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။