Connect with us

Hi, what are you looking for?

News

မန္တလေးမြတောင်ကျောင်းတိုက်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဗုံးပစ်ခံရ

မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း ၈၆လမ်းထောင့် မြတောင်တိုက်အနီးမှာတပ်စွဲထားတဲ့ ဂိတ်နေရာကို ည၉နာရီလောက်က ဗုံးပစ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ လပိုင်းတွေက မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုတွေ့ရပုံ

မန္တလေး မြတောင်ကျောင်းတိုက်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာကို မနေ့က စက်တင်ဘာလ ၁၅ ရက်ညပိုင်းက ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း ၈၆လမ်းထောင့် မြတောင်တိုက်အနီးမှာတပ်စွဲထားတဲ့ ဂိတ်နေရာကို ည၉နာရီလောက်က ဗုံးပစ်ခံခဲ့ရတာပါ။

ပေါက်ကွဲမှုကြောင် သေဆုံးသူရှိခဲ့တယ်လို့သတင်းထွက်ခဲ့ပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

” ပေါက်ကွဲတဲ့အသံတော့ အကျယ်ကြီးကြားလိုက်ရတယ် ထိခိုက်တဲ့သူတွေကိုသယ်သွားတယ်ဆိုတာတော့ တွေ့လိုက်ရတယ်” လို့အနီးဝန်းကျင်တွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြတောင်သပိတ်ဟာသံဃာတော်တွေ ဦးဆောင်ပြုလုပ်တဲ့ ဆန္ဒပြသပိတ်လည်းဖြစ်ပါတယ်။

ဒီသပိတ်ဟာ ရိုက်နှက်ဖမ်းဆီးတာတွေ ရှိနေတဲ့ကြားက အရှိန်မပျက် ဆက်လက် ဆန္ဒထုတ်ဖော်နေတဲ့သပိတ်လည်းဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာဆိုရင် မြတောင်ကျောင်းတိုက် အနီး မှာ စောင့်ကြည့်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ချထားတယ်လို ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။