Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ် အေးချမ်းသာရွာမှ လူငယ်သုံးဦးကို စစ်ကောင်စီတပ် ရက်ရက်စက်စက်သတ်ဖြတ်ထား

ထွက်ပြေးတိမ်းရှောင်နေရာမှပြည်သူအချို့ယနေ့ ရွာသို့ ပြန်စဥ် လူငယ်သုံးဦး အသတ်ခံထားရသောအလောင်းကိုတွေ့ခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ-PRA

မကွေးတိုင်း မြိုင်မြို့နယ် အေးချမ်းသာစံပြကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဒေသခံလူငယ်သုံးဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်းဒေသခံများကပြောသည်။

စက်တင်ဘာလ ၁၄ ရက်က စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းနယ်စပ်တွင်ရှိသော အေးချမ်းသာစံပြကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ရွာမှ
အသက်၂၀ကျော်လူငယ်တစ်ဦးကို မီးရှိူ့သတ်ဖြတ်ခဲ့သည်။ ၁၉နှစ်အရွယ်လူငယ်တစ်ဦးကို ရိုက်နှက်နှိပ်စက်၍သတ်ဖြတ်ခဲ့ပြီး အသက် ဆယ်နှစ်အရွယ် ကလေးတစ်ဦးကို ရေကူးနေစဥ် သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ-PRA

ထို့အပြင် ကျေးရွာရှိ ဆိုင်ကယ်အစီး ၄၀ကျော်ကိုလည်း စုပုံမီးရှိူ့ဖျက်ဆီးခဲ့ပြီး ကားအချို့ကိုလည်း မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ ပုလဲမြို့နယ်
နှင့် မြိုင်မြို့နယ် ကြားကျေးရွာများ အကြမ်းဖက်စစ်ကောင်စီတပ်များက နေအိမ်များကိုမီးရှို့ဖျက်ဆီးကာ လက်နတ်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဓာတ်ပုံ-PRA

ထွက်ပြေးတိမ်းရှောင်နေရာမှပြည်သူအချို့ယနေ့ ရွာသို့ ပြန်စဥ် လူငယ်သုံးဦး အသတ်ခံထားရသောအလောင်းကိုတွေ့ခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အေးချမ်းသာစံပြကျေးရွာအနီး မကွေးနှင့်စစ်ကိုင်းနယ်စပ် ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံPDF တို့အကြား တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အနီးနားကျေးရွာများအား ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ-PRA

ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ယနေ့ကြေညာချက်ထုတ်ပြန်ရာ အေးချမ်းသာစံပြကျေးရွာရှိ လက်နက်မဲ့ပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ခြင်း၊ ပြည်သူ ၁ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့သည့် စစ်ကောင်စီကို လက်နက်ကိုင်အချင်းချင်း သတ္တိရှိရှိ စိန်ခေါ်တိုက်ခိုက်နိုင်ကြောင်းသတိပေးခဲ့သည်။

အပြစ်မဲ့ပြည်သူနှင့် ကျေးရွာအတွင်းရှိ အိုးအိမ်ပစ္စည်းများအား နောက်နောင်တွင် လုံးဝ (လုံးဝ) သတ်ဖြတ်၊ဖျက်ဆီးခြင်း မပြုလုပ်ရန် အပြင်းအထန်သတိပေးလိုက်ကြောင်း PRA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-PRA

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။