Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်တွင် သုံးရက်အတွင်း တိုက်ပွဲငါးကြိမ်ဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

တော်လှန်ရေးတွင် အသက်စတေးရသော ရဲဘော်များ၊ ပြည်သူများ၏ပေးဆပ်မှုများကို အမြဲ အမှတ်ရပြီး KNDF မှ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု အဓိဌာန် ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၃ရက်အတွင်း စစ်ကေင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ဖြစ်ပွား ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ထုတ် ပြန်သည်။

ဒေသတွင်းသို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နှင့် KNDFတို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စက်တင်ဘာ ၁၄ရက်တွင် ဒီးမော့ဆိုမြို့နယ် ကဒါးလာကျေးရွာအနီး၌ ၄နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေါပိုးစီရွာနှင့် စံပြ ၆မိုင်ရွာအကြားတွင်လည်း တိုက်ပွဲဖြစ်ခဲ့သည်။

ကဒါးလာကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိနိုင်သကဲ့သို့ KNDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟုဆိုသည်။ ဒေါပိုးစီရွာနှင့် စံပြ ၆မိုင်ရွာကြား တိုက်ပွဲ၌ စစ်ကောင်စီ တပ်က အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ KA မှ တပ်ကြပ်ကြီး တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၅ရက်က ဒီးမော့ဆိုမြို့နယ် ထွီးလွှီးဘီလာ ကျေးရွာအနီး ခြေရာတော်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကောင်း ထုတ်ပြန်သည်။ စက်တင်ဘာ ၁၆ရက် တွင် ဒီးမော့ဆိုမြို့နယ် ၆မိုင် ရွာအနီး တောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် ကျဆုံးခဲ့သည်ဟုဆိုသည်။ ယင်းနေ့ ညပိုင်း၌ ဒေါပိုးစီနှင့် ပန်းကန် ကျေးရွာ အကြား တွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးတွင် အသက်စတေးရသော ရဲဘော်များ၊ ပြည်သူများ၏ပေးဆပ်မှုများကို အမြဲ အမှတ်ရပြီး KNDF မှ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု အဓိဌာန် ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ အနီးဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ခြေကုပ်ရယူရန်ကြိုးစားလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook