Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုမြို့နယ်တွင် သုံးရက်အတွင်း တိုက်ပွဲငါးကြိမ်ဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

တော်လှန်ရေးတွင် အသက်စတေးရသော ရဲဘော်များ၊ ပြည်သူများ၏ပေးဆပ်မှုများကို အမြဲ အမှတ်ရပြီး KNDF မှ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု အဓိဌာန် ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၃ရက်အတွင်း စစ်ကေင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ဖြစ်ပွား ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ထုတ် ပြန်သည်။

ဒေသတွင်းသို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နှင့် KNDFတို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စက်တင်ဘာ ၁၄ရက်တွင် ဒီးမော့ဆိုမြို့နယ် ကဒါးလာကျေးရွာအနီး၌ ၄နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေါပိုးစီရွာနှင့် စံပြ ၆မိုင်ရွာအကြားတွင်လည်း တိုက်ပွဲဖြစ်ခဲ့သည်။

ကဒါးလာကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိနိုင်သကဲ့သို့ KNDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟုဆိုသည်။ ဒေါပိုးစီရွာနှင့် စံပြ ၆မိုင်ရွာကြား တိုက်ပွဲ၌ စစ်ကောင်စီ တပ်က အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ KA မှ တပ်ကြပ်ကြီး တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၅ရက်က ဒီးမော့ဆိုမြို့နယ် ထွီးလွှီးဘီလာ ကျေးရွာအနီး ခြေရာတော်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကောင်း ထုတ်ပြန်သည်။ စက်တင်ဘာ ၁၆ရက် တွင် ဒီးမော့ဆိုမြို့နယ် ၆မိုင် ရွာအနီး တောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် ကျဆုံးခဲ့သည်ဟုဆိုသည်။ ယင်းနေ့ ညပိုင်း၌ ဒေါပိုးစီနှင့် ပန်းကန် ကျေးရွာ အကြား တွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

တော်လှန်ရေးတွင် အသက်စတေးရသော ရဲဘော်များ၊ ပြည်သူများ၏ပေးဆပ်မှုများကို အမြဲ အမှတ်ရပြီး KNDF မှ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု အဓိဌာန် ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ အနီးဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ခြေကုပ်ရယူရန်ကြိုးစားလျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။