Connect with us

Hi, what are you looking for?

News

ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ခရမ်းမြို့တွင်းသို့ ထောက်ခံစာပါမှဖြတ်သန်းခွင့်ပြု

“ကျွန်မတို့စီးလာတဲ့ကားကို မြို့အဝင်ဂိတ်မှာ စစ်တယ်။ မှတ်ပုံတင်တို့ ထောက်ခံစာတို့တောင်းတယ်။ မပါတဲ့သူကို ပြန်လွှတ်တယ်”ဟု ရန်ကုန်မြို့တွင်အလုပ် သွားလုပ်ပြီး ခရမ်းမြို့နယ်သို့ ပြန်လာသူတစ်ဦးက ပြောသည်။

ခရမ်းမြို့တွင် ယမန်နေ့ညက ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် မြို့အဝင်၊အထွက်များတွင် စစ်ဆေးမှုများကို ယခင်ကထက်ပိုမိုလုပ်ဆောင်လျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် ခရီးသွားပြည်သူများ၏ မှတ်ပုံ တင်ကိုယ်ရေးအချက်အလက်နှင့် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူးထောက်ခံစာပါမပါ စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

(ယနေ့တွေ့မြင်ရသော ခရမ်းမြို့ပေါ်အခြေအနေကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“ကျွန်မတို့စီးလာတဲ့ကားကို မြို့အဝင်ဂိတ်မှာ စစ်တယ်။ မှတ်ပုံတင်တို့ ထောက်ခံစာတို့တောင်းတယ်။ မပါတဲ့သူကို ပြန်လွှတ်တယ်”ဟု ရန်ကုန်မြို့တွင်အလုပ် သွားလုပ်ပြီး ခရမ်းမြို့နယ်သို့ ပြန်လာသူတစ်ဦးက ပြောသည်။

မြို့အဝင်၊အထွက်များ၌ စစ်ဆေးခြင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပုံမှဈေးထွက်နေကြ ကုန်စိမ်းသည်နှင့် ငါးသည်များကိုပါ ထောက်ခံစာမပါလျင် မြို့တွင်းအဝင်မခံကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့(စက်တင်ဘာ ၁၈)တွင် ခရမ်းမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ဈေးဆိုင်အများစု ပိတ်ထားကြပြီး လူအသွားအလာကျဲပါးလျက်ရှိသည်။

ယမန်နေ့ ခရမ်းမြို့ပေါ် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး ဒဏ်ရာရလူငယ်တစ်ဦးကို အရှင်ဖမ်းမိသွားရာ စစ်ကြောရေး၌ ကျဆုံးသွားသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်းသုံးဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook