Connect with us

Hi, what are you looking for?

News

ပူတာအိုခရိုင် PDFသို့ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်

အရေးတော်ပုံတော်လှန်ရေး ပြီးမြောက်ခဲ့ပါက နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် KPICT ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်သွးမည်ဖြစ်ကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)သို့ ပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်ကြောင်း ပူတာအို PDFက ယနေ့ ထုတ်ပြန်သည်။

ပူတာအို PDFသည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် လူမျိုး/ဘာသာမရွေး တာဝန်ထမ်းဆောင်နေကြောင်း၊ ကချင်နိုင်ငံရေး၏ ဦးဆောင်ကော်မတီဖြစ်သည့် KPICTနှင့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) တို့ သဘောတူညီထားသည့်အတိုင်း ကချင်ဒေသနှင့် ဆိုင်သော လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA)၏ ဦးဆောင်မှုတွင် အပြည့်အ၀ ပါဝင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခံယူချက်နှင့် သဘောထားမှာ နိုင်ငံတော်အာဏာကို လက်နက်အားကိုဖြင့် အတင်းအဓ္ဓမ သိမ်းယူသည့် စစ်ကောင်စီအား တိုက်ထုတ်ရန်၊ စစ်အာဏာရှင် စနစ် ကျဆုံးသည်အထိ တိုက်ပွဲဝင်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ်ရန် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အရေးတော်ပုံတော်လှန်ရေး ပြီးမြောက်ခဲ့ပါက နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် KPICT ၏ ဦးဆောင်မှုနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်သွးမည်ဖြစ်ကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook