Connect with us

Hi, what are you looking for?

News

မကွေးတိုင်းလွတ်တော်အမတ်နှင့် NLD မြို့နယ်အလုပ်အမှုဆောင်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ဦးသက်ခိုင်သည် ပထမအကြိမ် ဖမ်းဆီးခံရပြီးခံဝန်ထိုးပြီး လွတ်မြောက်လာသူဖြစ်ကာ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၂နာရီတွင် စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်သည်။

People's Spring
People's Spring

မကွေးတိုင်း စလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ပွင့်ဖြူမြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့တွင် ဖမ်းဆီသွားကြောင်း မကွေးတိုင်းဒေသခံ တစ်ဦးက ပြောသည်။

“မနေ့က ၂၁ရက်နေ့နေ့လည်မှာ မကွေးတိုင်း စလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဦးသက်ခိုင်ဟာ စစ်ကောင်စီမှာ CRPHတို့ NUG တို့နဲ့ ဆက်သွယ်ခြင်းမလုပ်တော့ပါဘူးဆိုပြီး ခံဝန်ထိုးထားတဲ့သူ” ဟု အထက်ပါဒေသခံက ပြောသည်။

ဦးသက်ခိုင်သည် ပထမအကြိမ် ဖမ်းဆီးခံရပြီးခံဝန်ထိုးပြီး လွတ်မြောက်လာသူဖြစ်ကာ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၂နာရီတွင် စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထိုအပြင်မကွေးတိုင်း မင်းဘူးက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းရီ ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးပမ်းခဲ့ရာ ဦးကျော်ဆန်းရီက ကြိုတင်သတင်းရ၍ လွတ်မြောက်သွားဟု ၎င်းကဆိုသည်။ ၎င်းသည်လည်း NUG/CRPH နှင့် ဆက်သွယ်ခြင်းမပြုဟု ခံဝန်ထိုးထားသူဖြစ်ကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။

Public Service Announcement

Public Service Announcement

“လက်မှတ်ထိုးတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာ သင်္ကာမကင်းဖြစ်တယ်။ သူတို့ မလုပ်တော့ပါဘူး မဆက်သွယ်ပါဘူး ပြောတဲ့ကြားက ဒီလူတွေကို ဖမ်းတာ” ဟုအထက်ပါဒေသခံက ပြောသည်။

စက်တင်ဘာလဆန်းကလည်း မကွေးတိုင်း သရက်မြို့နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးယုမော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးကံမြင့်ရယ်တို့ကို သရက် ကပစတပ်က ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခဲ့သည်။

Public Service Announcement

“မေးစရာရှိလို့ ခေါ်မေးပြီး နှိပ်စက်ညှင်းပမ်းပြီး ပြန်လွှတ်လိုက်တယ်” ဒေသခံတစ်ဦးက ပြောသည်။ ဦးဇော်မိုးအောင်သည နံရိုးကျိုးဒဏ်ရာ၊ မျက်စိဖူးယောင် ဒဏ်ရာရရှိခဲ့ပြီး၊ ဦးကံမြင့်သည် နံရိုးနာသွားခဲ့သည်။

ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာ တွင် စက်တင်ဘာ ၁၅ရက်က PDFများရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လာရောက်ပြီး တောနင်းရှာဖွေခဲ့ကြောင်း၊ စက်တင်ဘာ ၁၈ရက်တွင် စစ်ကောင်စီတပ်မှ ထပ်မံရောက်ရှိလာပြီး ဒေသခံ တစ်ဦးကို ဖမ်းဆီး နှိပ်စက်ခဲ့၍ ယင်းဒေသခံမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်မှ ရွာစာသင်ကျောင်း၌ စခန်းချပြီး ကျေးရွာရှိ ပျူစောထီးများအား သင်တန်းပေးနေကြောင်း မကွေးတိုင်းဒေသခံက ပြောသည်။

စက်တင်ဘာ ၂၁ရက် ညပိုင်းကလည်း ပွင့်ဖြူမြို့နယ် NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမင်းဇော် အပါအဝင် ၅ဦး ဖမ်းဆီးခံခဲ့ရသည်ဟုဆိုသည်။ ဦးမင်းဇော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေးကာလနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်၏ ရန်ကြောင့် စေတုတ္တရာမြို့နယ် ကျင်းကြီးကျေးရွာ၌ မိသားစုလိုက် ရှောင်တိမ်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“လက်နက်ကိုင်တယ် အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်တယ် PDF ဖြစ်တယ်ဆိုပြီး ဖမ်းဆီးသွားတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ဖမ်းဆီးထားပြီး၊ ​အောက်​ခြေ အဆင့်ဆင့်မှ ပါတီတာဝန်ရှိသူများနှင့် ပါတီဝင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့ကို ဆက်တိုက်ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော