Connect with us

Hi, what are you looking for?

News

တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင်ပြီး ​လေပြင်းနဲ့ မိုးကြိုး အန္တရာယ် သတိ​ပေးထား

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးကြီးနိုင်ပြီး လေပြင်းနဲ့မိုးကြိုးလျှပ်စီးအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ မိုးဇက ဒီကနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက် ၇ နာရီခွဲအချိန်က တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတာပါ။

အဆိုပါ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် ဒီကနေ့မနက်ကနေ နောက်(၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တင်္နသာရီတိုင်းနဲ့၊ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာတာ၊ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို (၃၅)မိုင်ကနေ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေကနေ (၁၁)ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာနဲ့ လျှပ်စီးလက်တာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးထားပါတယ်။

“မိုးဦးနဲ့ မိုးနှောင်းကာလမှာ နေပူတလှည့်မိုးရွာတလှည့်နဲ့ မိုးထစ်ချုံးတာ မိုးကြိုးပြစ်တာ တိမ်တောင်တွေတလျှောက် လေပြင်းတိုက်တာတွေဖြစ်တတ်တယ်။ လေဖိအားနည်းရှိတော့ ပိုဖြစ်နိုင်တာပေါ့။ လေဖိအားနည်းဆိုတာကတော့ မုန်တိုင်းလောက်တော့မပြင်းပါ” လို့ မိုးဇလတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုဖို့ မိုးဇလက အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။

သတင်း

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ ယခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။