Connect with us

Hi, what are you looking for?

News

ထားဝယ်နှင့်​လောင်းလုံးရှိ ကျွန်းများတွင် အကြမ်ဖက်စစ်တပ်က အ​မြောက်ပစ်​လေ့ကျင့်မည်

ထိုကျွန်းများကို လူ၊လှေ၊သင်္ဘော၊ ယာဉ်နှင့် တိရစ္ဆာန်များမဝင်ရန် တားမြစ်ထားရမည်ဟု စစ်ကောင်စီက ညွန့်ကြားထားသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် လောင်းလုံးမြို့တို့တွင် အကြမ်းဖက်စစ်တပ်က အ​မြောက်ပစ်လေ့ကျင့်မှုသုံး ရက်တာ ပြုလုပ်မည်ဖြစ်သည်။

ထားဝယ်မြို့လယ်ရှိ ကမြောကင်းတံတားမှ လောင်းလုံးမြို့တွင်းရှိ ကျွန်းများကို စစ်တပ်က အမြှောက်ပစ်လေ့ကျင့်မည်ဟုဆိုပြီး ထိုကျွန်းများကို လူနေကင်းမဲ့ဇုန်လုပ်ထားရန် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများကို စက်တင်ဘာ ၂၇ ရက်တွင် ညွှန်ကြားထားသည်။

ထိုကျွန်းများမှာ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်းကျွန်း၊ ဓနိကျွန်းနှင့် ရွှေကျွန်းတို့ဖြစ်သည်။ ထိုကျွန်းများတွင် အ​မြောက်ပစ်လေ့ကျင်မှုကို စဉ်ဆက်မပြတ်ဆောင်ရွက်မည်ဟု စစ်ကောင်စီကဆိုထားသည်။ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် ပါဝင်သည်။

ထိုကျွန်းများကို လူ၊လှေ၊သင်္ဘော၊ ယာဉ်နှင့် တိရစ္ဆာန်များမဝင်ရန် တားမြစ်ထားရမည်ဟု စစ်ကောင်စီက ညွန့်ကြားထားသည်။

Public Service Announcement

Public Service Announcement

“ဒီကျွန်းတွေမှာ လယ်လုပ်နေတဲ့သူတွေ၊ ဓနိခုတ်တဲ့သူတွေရှိတယ်”ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ကမြောကင်းတံတားသည် ထားဝယ်မြို့နှင့်လောင်းလုံမြို့ကြား လူနေရပ်ကွက်များကို ဖြတ်သန်းစီးဆင်းနေသည့် ထားဝယ်မြစ်ပေါ်တွင် တည်ရှိသည်နေသည်။

အမြောက်ပစ်ခတ်လေ့ကျင့်မှုကို ထားဝယ်တပ်နယ် ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၀၂) အ​မြောက်တပ်ရင်းက လုပ်ဆောင်မည်ဖြစ်သည်ဟု ဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။