Connect with us

Hi, what are you looking for?

News

စစ်အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီယာဉ်တန်းကို KNDFတိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရ

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကလောမြို့မှ ဖယ်ခုံမြို့ဘက်သို့ အင်အားဖြည့်တင်းရန် ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို KNDF ဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ဘက်သို့ စစ်အင်အားဖြည့်ရန်လာရောက်သည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ညနေပိုင်းတွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကလောမြို့မှ ဖယ်ခုံမြို့ဘက်သို့ အင်အားဖြည့်တင်းရန် ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို KNDF ဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ယဉ်တန်းကား ၄၅ စီးဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သော ကရင်နီပြည် ဒီးမော့ဆိုမြို့ဘက်သို့ စစ်အင်အားဖြည့်တင်းရန် ထွက်လာသည်ဟုယူဆကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အနည်းဆုံး၂၀ဦးခန့် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး ၎င်းယာဉ်တန်းများမှာ တိုက်ပွဲဖြစ်ပွားရာနေရာမှ ဖယ်ခုံမြို့ဘက်သို့ ဆက်လက်ထွက်လာရန်ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲအခြေစိုက် အကြမ်း ဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် မြို့နှင့်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး ပြည်သူအချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ် ခေါင်းအိ‌ကျေးရွာဖက်သို့လည်း လက်နက် ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ရမ်းသမ်းပစ်ခတ်နေသည်ဟုလည်း KNDFက ထုတ်ပြန် သည်။

ကရင်နီတပ်မတော်(KA)၊ KNDFနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုပိုမိုများပြား အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook