Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီယာဉ်တန်းကို KNDFတိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရ

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကလောမြို့မှ ဖယ်ခုံမြို့ဘက်သို့ အင်အားဖြည့်တင်းရန် ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို KNDF ဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ဘက်သို့ စစ်အင်အားဖြည့်ရန်လာရောက်သည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ညနေပိုင်းတွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် ကလောမြို့မှ ဖယ်ခုံမြို့ဘက်သို့ အင်အားဖြည့်တင်းရန် ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို KNDF ဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ယဉ်တန်းကား ၄၅ စီးဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သော ကရင်နီပြည် ဒီးမော့ဆိုမြို့ဘက်သို့ စစ်အင်အားဖြည့်တင်းရန် ထွက်လာသည်ဟုယူဆကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အနည်းဆုံး၂၀ဦးခန့် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး ၎င်းယာဉ်တန်းများမှာ တိုက်ပွဲဖြစ်ပွားရာနေရာမှ ဖယ်ခုံမြို့ဘက်သို့ ဆက်လက်ထွက်လာရန်ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲအခြေစိုက် အကြမ်း ဖက်စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် မြို့နှင့်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး ပြည်သူအချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ် ခေါင်းအိ‌ကျေးရွာဖက်သို့လည်း လက်နက် ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ရမ်းသမ်းပစ်ခတ်နေသည်ဟုလည်း KNDFက ထုတ်ပြန် သည်။

ကရင်နီတပ်မတော်(KA)၊ KNDFနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ပူးပေါင်း၍ ဒီးမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုပိုမိုများပြား အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။