Connect with us

Hi, what are you looking for?

News

ပိုင်တံခွန်အမှုကိုဒီနေ့မစစ်ဆေးဖြစ်၊ အောက်တိုဘာလထဲ ရုံးချိန်းထပ်ချိန်း

ဒီနေ့လို သတ်မှတ်ရုံးချိန်းမှာ ကြားနာစစ်ဆေးနိုင်ခြင်းမရှိတာဟာ အကျဉ်းထောင်အတွင်းကနေအမှု ရင်ဆိုင်နေရသူတွေအတွက် အလွန်နစ်နာတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ရေးသားထားပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အင်းစိန်ထောင် မှာဖမ်းခံထားရတဲ့ မော်ဒယ်သရုပ်ဆောင် #ပိုင်တံခွန် ကို ဒီနေ့ ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းယူဖြစ်တယ်လို့ ရှေ့နေဖြစ်သူတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က သူ့ရဲ့ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။

အင်းစိန်ထောင်တွင်းမှာ ဖွင့်လှစ်တဲ့ အထူးတရားရုံး တွေ ကို ဒီနေ့မှာပြန်လည်စတင်စစ်ဆေးတယ်လို့ သိရပါတယ်။

ဒါပေမယ့် ပိုင်တံခွန်အမှုကို ကြားနာစစ်ဆေးတဲ့ မြောက်ဒဂုံမြို့နယ် တရားရုံးက အထူးတရားရုံးကို လာရောက် ရုံးမထိုင်ဖြစ်တဲ့အတွက် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိတာလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ဆိုထားပါတယ်။

ဒါကြောင့် on call နဲ့ပဲ ရုံးချိန်း ယူဖြစ်ပြီး ရုံးချိန်းကိုတော့ အောက်တိုဘာလ ၁၃ ရက်ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒီနေ့လို သတ်မှတ်ရုံးချိန်းမှာ ကြားနာစစ်ဆေးနိုင်ခြင်းမရှိတာဟာ အကျဉ်းထောင်အတွင်းကနေအမှု ရင်ဆိုင်နေရသူတွေအတွက် အလွန်နစ်နာတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ရေးသားထားပါတယ်။

စစ်အာဏာသိမ်း တာကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့သရုပ်ဆောင်ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကောင်စီ ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

လက်ရှိမှာတော့ ပိုင်တံခွန်ဟာ ကျန်းမာရေးကောင်းမွန်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ဖမ်းဆီးခံထားရဆဲနိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ

သတင်း

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အပါအဝင် နိုင်ငံအနှံ့အကျဉ်းထောင်တွေမှာ မတရားအကျဥ်းချခံထားရသူတွေက စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်နေတယ်လို့ အကျဥ်းဦးစီးဝန်ထမ်းနဲ့ ထောင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။

သတင်း

အင်းစိန်ထောင်မှာကျဆုံးသွားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဗဟိုအလုပ်အမှုဆောင်နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင်ရဲ့နာရေးစျာပနကို ဒီနေ့ (ဇူလိုင် ၂၂ )ရက်ကရန်ကုန်မြို့၊ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။