Connect with us

Hi, what are you looking for?

News

ကရင်နီဒေသ၌ တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ ၃၀ဦးသေဆုံးဟု KNDF ထုတ်ပြန်၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်အချို့ကျဆုံး

ဖယ်ခုံမြို့ စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အကြမ်း ဖက်စစ်ကောင်စီတပ်မျာ၏ ခေါင်းမိုင်းတောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီများမှ တပ်ဆုတ်ထွက်ပြေးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်း ယနေ့ တိုက်ပွဲဆက် လက်ဖြစ်ပွားခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦး သေဆုံးပြီး ၃၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန် သည်။

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီးတွင််စက်တင်ဘာ ၂၉ရက် မွန်းတည့် ၁၂နာရီမှ ညနေ ၅နာရီ အချိန်အထိ စစ်ကောင်စီတပ်နှင့် KNDF ၊ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယခု သတင်းထုတ်ပြန်သည့်အချိန်အထိ စစ်ကောင်စီတပ်၏ အမြောက်တပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၃၀ဦး ထိခိုက်သေဆုံးခဲ့ပြီး ၃၀ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်အပြည့်တင်လာသော ကားတစ်စီးကိုတိုက်ခိုက်မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော် လေးဦး နှင့် KNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ ကျဆုံးသွားသော ရဲဘော်များအားလုံးကို ပြည်သူ့လွတ်မြောက်ရေး အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြု သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့ စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အကြမ်း ဖက်စစ်ကောင်စီတပ်မျာ၏ ခေါင်းမိုင်းတောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီများမှ တပ်ဆုတ်ထွက်ပြေးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဖယ်ခုံ၊မိုးဗြဲ၊လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းသို့ အကြမ်းဖက်ထိုးစစ်ဆင်လျက်ရှိပြီး၊ လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ပြည်သူများ၏ အသက်၊အိုးအိမ်၊စည်း စိမ်ကို တိုက်ခိုက်ဖျက်စီးလျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။