Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ပျဉ်းမနား PRA တပ်ဖွဲ့ဝင်တဦးကျဆုံး

ဆေးဝါးကုသရမယ့်အချိန် နှောင့်နှေးခဲ့တာနဲ့ နှိပ်စက်ခံရတဲ့ဒဏ်ရာပြင်းထန်းတာကြောင့် ဒီနေ့ ၁ ရက် မနက်ပိုင်းက ဆေးရုံမှာပဲ ကျဆုံးသွားတယ်လို့Pyinmana Revolution Army ရဲ့ ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာမှာပါရှိပါတယ်။

ပျဉ်းမနားမြို့နယ် အတွင်း ဖမ်းဆီးခံလိုက်ရပြီး စစ်ကောင်စီ ရဲ့အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် နေပြည်တော် ကုတင်တထောင် ဆေးရုံမှာ ကုသမှု ခံယူနေရင်း ရဲဘော် ရဲဘက်တဦးကျဆုံးသွားတဲ့အကြောင်း Pyinmana Revolution Army က ထုတ်ပြန်ပါတယ်။

ရဲဘော်ရဲဘက်တဦးဖြစ်တဲ့ ကိုရန်ပိုင် ဟာ မေလ ၂ ရက် နေ့လယ်ပိုင်းက ဖမ်းခံလိုက်ရတာဖြစ်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် နားတဖက် အကြားအာရုံဆုံးရှုံးသွားတဲ့အပြင် ခြေဆစ်လက်ဆစ် တွေ ရိုက်ချိုးခံရတာ၊ ခန္ဓာကိုယ် အတွင်းအပြင် ဒဏ်ရာတွေရခဲ့တာကြောင့်ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရတယ်လိုသိရပါတယ်။

ဒါပေမယ့် ဆေးဝါးကုသရမယ့်အချိန် နှောင့်နှေးခဲ့တာနဲ့ နှိပ်စက်ခံရတဲ့ဒဏ်ရာပြင်းထန်းတာကြောင့် ဒီနေ့ ၁ ရက် မနက်ပိုင်းက ဆေးရုံမှာပဲ ကျဆုံးသွားတယ်လို့Pyinmana Revolution Army ရဲ့ ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာမှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။