Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ပျဉ်းမနား PRA တပ်ဖွဲ့ဝင်တဦးကျဆုံး

ဆေးဝါးကုသရမယ့်အချိန် နှောင့်နှေးခဲ့တာနဲ့ နှိပ်စက်ခံရတဲ့ဒဏ်ရာပြင်းထန်းတာကြောင့် ဒီနေ့ ၁ ရက် မနက်ပိုင်းက ဆေးရုံမှာပဲ ကျဆုံးသွားတယ်လို့Pyinmana Revolution Army ရဲ့ ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာမှာပါရှိပါတယ်။

ပျဉ်းမနားမြို့နယ် အတွင်း ဖမ်းဆီးခံလိုက်ရပြီး စစ်ကောင်စီ ရဲ့အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် နေပြည်တော် ကုတင်တထောင် ဆေးရုံမှာ ကုသမှု ခံယူနေရင်း ရဲဘော် ရဲဘက်တဦးကျဆုံးသွားတဲ့အကြောင်း Pyinmana Revolution Army က ထုတ်ပြန်ပါတယ်။

ရဲဘော်ရဲဘက်တဦးဖြစ်တဲ့ ကိုရန်ပိုင် ဟာ မေလ ၂ ရက် နေ့လယ်ပိုင်းက ဖမ်းခံလိုက်ရတာဖြစ်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် နားတဖက် အကြားအာရုံဆုံးရှုံးသွားတဲ့အပြင် ခြေဆစ်လက်ဆစ် တွေ ရိုက်ချိုးခံရတာ၊ ခန္ဓာကိုယ် အတွင်းအပြင် ဒဏ်ရာတွေရခဲ့တာကြောင့်ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရတယ်လိုသိရပါတယ်။

ဒါပေမယ့် ဆေးဝါးကုသရမယ့်အချိန် နှောင့်နှေးခဲ့တာနဲ့ နှိပ်စက်ခံရတဲ့ဒဏ်ရာပြင်းထန်းတာကြောင့် ဒီနေ့ ၁ ရက် မနက်ပိုင်းက ဆေးရုံမှာပဲ ကျဆုံးသွားတယ်လို့Pyinmana Revolution Army ရဲ့ ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာမှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။