Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ကိုရီးယားမှာ NUG ကိုယ်စားလှယ်ရုံးစတင်ဖွင့်လှစ်

NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို တောင်ကိုရီးယားသမ္မတရုံးနိုင်ငံရေးအကြံပေးအဖွဲ့နာယက ပါမောက္ခဘအွန်းဟွန်း အပါအဝင် အနိုင်ရပါတီကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို မနေ့ကဖွင့်လှစ်ခဲ့တယ်လို့ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်းက အသိပေးထားပါတယ်။

NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို တောင်ကိုရီးယားသမ္မတရုံးနိုင်ငံရေးအကြံပေးအဖွဲ့နာယက ပါမောက္ခဘအွန်းဟွန်း အပါအဝင် အနိုင်ရပါတီကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ အန္တိမနိုင်ငံရေးပန်းတိုင်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး၊ အာဏာ သိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက် နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတို့ရဲ့အား ပေးထောက်ခံမှုဟာ သံတမန်မျက်နှာစာမှာ တိုက်ပွဲဝင်နေတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိကပင်မ အသက်သွေး ကြောပင်ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တောင်ကိုရီးယားဟာ မြန်မာ့ဒီမိုကရေစီအရေး တတ်နိုင်တဲ့ဘက်ပေါင်းစုံကနေ အားပေးထောက်ခံကူညီမယ်လို့ ပြောဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ထိတွေ့ဆက်ဆံနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။