Connect with us

Hi, what are you looking for?

News

တောင်ကိုရီးယားမှာ NUG ကိုယ်စားလှယ်ရုံးစတင်ဖွင့်လှစ်

NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို တောင်ကိုရီးယားသမ္မတရုံးနိုင်ငံရေးအကြံပေးအဖွဲ့နာယက ပါမောက္ခဘအွန်းဟွန်း အပါအဝင် အနိုင်ရပါတီကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို မနေ့ကဖွင့်လှစ်ခဲ့တယ်လို့ ကိုယ်စားလှယ်ဦးရန်နိုင်ထွန်းက အသိပေးထားပါတယ်။

NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို တောင်ကိုရီးယားသမ္မတရုံးနိုင်ငံရေးအကြံပေးအဖွဲ့နာယက ပါမောက္ခဘအွန်းဟွန်း အပါအဝင် အနိုင်ရပါတီကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ အန္တိမနိုင်ငံရေးပန်းတိုင်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး၊ အာဏာ သိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက် နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတို့ရဲ့အား ပေးထောက်ခံမှုဟာ သံတမန်မျက်နှာစာမှာ တိုက်ပွဲဝင်နေတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိကပင်မ အသက်သွေး ကြောပင်ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တောင်ကိုရီးယားဟာ မြန်မာ့ဒီမိုကရေစီအရေး တတ်နိုင်တဲ့ဘက်ပေါင်းစုံကနေ အားပေးထောက်ခံကူညီမယ်လို့ ပြောဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ထိတွေ့ဆက်ဆံနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။