Connect with us

Hi, what are you looking for?

News

မကွေးနှင့် စစ်ကိုင်းတိုင်းတို့၌ ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ဦးသေဆုံးဟု PRA ထုတ်ပြန်

ထို့အတူ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ အနောက်ဖက် ပိတောက်ကုန်းလမ်းခွဲတွင် စစ်ကောင်စီ၏ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ကားတစ်စီးပျက်စီးခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

မကွေးနှင့် စစ်ကိုင်းတိုင်းတို့၌ ယနေ့(အောက်တိုဘာ ၄ ရက်)တွင် ၎င်းတို့၏တိုက်ခိုက်မှုကြောင့် အာဏာ သိမ်းစစ်ကောင်စီတပ်သား ၂၀ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေး တပ်မ တော်(PRA)က ထုတ်ပြန်သည်။

မကွေးတိုင်း ယောမြို့ဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်သား ၆၀ ဝန်းကျင်ခန့်ကို (နလန်တောင်) တွင် မိုင်းဆွဲပြီးအပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီတပ်သား ၁၃ဦးသေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကျောက်စလင်းတောင်တွင်လည်း မိုင်းဆွဲအပြန်လှန်ပစ်ခက်ကြရာမှ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး၁၂ ဦးထိခိုက်မှုရှိခဲ့ကြောင်း PRA က ပြောသည်။

ထို့အတူ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ အနောက်ဖက် ပိတောက်ကုန်းလမ်းခွဲတွင် စစ်ကောင်စီ၏ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ကားတစ်စီးပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

PRA၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၃ ရက်တွင်စစ်မျက်နှာပြင် စတင်ဖွင့်ကြောင်း ကြေညာပြီးနောက် တိုက်ပွဲများဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။