Connect with us

Hi, what are you looking for?

News

စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေ စက်တင်ဘာမှာ ပိုမိုဆိုးရွားလာတယ်လို့ AAPP ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုများဖြင့် ပြန်လှန်ခုခံသွားဖို့ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ပိုင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေမှာ ပိုမို ဆိုးရွားရက်စက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ပိုမိုဆိုးရွားရက်စက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဒီနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုများဖြင့် ပြန်လှန်ခုခံသွားဖို့ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ပိုင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေမှာ ပိုမို ဆိုးရွားရက်စက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အချက်အလက်များအရ စစ်အုပ်စုရဲ့ အငြှိုးထားတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၈ ဦးအပါအဝင် အရပ်သားပြည်သူ ၉၆ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီသေဆုံးမှုထဲမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူ ၈ ဦးပါဝင်ပါတယ်။

နောက်ပြီး စစ်အုပ်စုရဲ့ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း ၅၅၅ ဦးရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး ၉၅ ဦး၊ အသက် ၁၈ နှစ်အောက် ကလေး သူငယ် ၁၇ ဦးနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၂၅ ဦး ပါဝင်တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလအတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့မှာ စစ်အုပ်စုရဲ့လက်ပါးစေ တပ်ရင်းတပ်ခွဲများက အကြမ်းဖက်ဝင်ရောက်စီးနင်းမှုတွေပြုလုပ်ကာ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သားပြည်သူတွေဟာလည်း တနေ့ထက်တနေ့ ပိုမို များပြားလာနေတယ်လို့ AAPP က ဖော်ပြပါတယ်။

တရားလက်လွတ်ဖမ်းဆီးမှုများပြုလုပ်ရာမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူကိုသာအကြမ်းဖက်ဖမ်းဆီးခြင်းမျိုးမကဘဲ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်း ခြင်း၊ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း ဖြစ်ရပ်များအပြင် ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခြင်းများကိုပါ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ ကျန်းမာ ရေးစောင့်ရှောက်မှုနဲ့ လိုအပ်တဲ့ အခြေခံအထောက်အပံ့များ ကူညီ ပံ့ပိုးပေးနေတဲ့၊ လူသားချင်းစာနာထောက် ထားမှုပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေဟာလည်း စစ်အုပ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရတယ်လို့ AAPP က အစီရင်ခံပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးများဟာ စစ်အုပ်စုလက်ထက်မှာ ဆိုးရွားစွာချိုးဖောက်ခံနေရတဲ့အခြေအနေမှာ ရှိနေတယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို စက်တင်ဘာ၃၀ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Trending

Facebook