Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘဏ်များ၏ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်နှင့်ပတ်သပ်၍ စစ်ကောင်စီရဲ့ဗဟိုဘဏ်ထုတ်ပြန်

မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ဆိုသည်မှာ ငွေကြေးစနစ်တည်ငြိမ်စေရန် ဗဟိုဘဏ်က ဘဏ်များကို လူထု၏အပ်ငွေပမာဏအလိုက် ရာခိုင်နှုန်းသတ်မှတ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်။

ပြည်တွင်းဘဏ်များတွင် ကျပ်ငွေဖြင့် ထားရရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ၂၀၂၂မတ်အထိ ၃ ရာခိုင်နှုန်းသာ ထားရှိရန်နှင့် ထိုထက်နည်းပါကလည်း ဒဏ်ကြေးများ လျော့ပေးမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က အောက်တိုဘာ၄ ရက်တွင် ထုတ်ပြန်သည်။

မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ဆိုသည်မှာ ငွေကြေးစနစ်တည်ငြိမ်စေရန် ဗဟိုဘဏ်က ဘဏ်များကို လူထု၏အပ်ငွေပမာဏအလိုက် ရာခိုင်နှုန်းသတ်မှတ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပြီး ကိုဗစ်ရောဂါရိုက်ခတ်မူကြောင့် ၂၀၂၀ ဧပြီလမှ ၂၀၂၁ မတ်လအထိ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ထို့သို့ကင်းလွတ်ခွင့်ကို ရာခိုင်နှုန်းထပ်မံလျော့ချပြီး ၂၀၂၂ မတ်လအထိ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ဘဏ်များအနေဖြင့် ၃ ရာခိုင်နှုန်းထက်နည်းမည်ဆိုပါကလည်း ဒဏ်ငွေပေးဆောင်ရန် ကိစ္စရပ်များကိုဖြေလျော့ပေးမည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့သဘောက ဘဏ်တွေကို သိမ်းထားရမယ့် အပ်ငွေတွေကို ၃ရာခိုင်နှုန်းမရှိလဲ ဒဏ်ကြေးဆောင်ချင်မှ ဆောင်ရမယ့် သဘောမျိုးပေါ့”ဟု ဘဏ်ဒါရိုက်တာတစ်ဦးက ပြောသည်။ယခင်အစိုးရလက်ထက်များတွင် ထိုသို့မထားရှိပါက ဘဏ်အရွယ်အစားအလိုက် တင်းကြပ်သည့် ဒဏ်ကြေးပေးဆောင်ရသည်ဟု ၎င်းက ဆိုသည်။

ထိုသို့အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ပမာဏထားရှိရခြင်းသည် ဘဏ်များ၏ ခိုင်မာမူကို ပြသရန်ဖြစ်ပြီး လက်ရှိအကြမ်းဖက်စစ်ကောင်စီတွင် ငွေအပ်မည့်သူမရှိတော့၍ ယခုလျော့ပေါ့လာခြင်းဟု ၎င်းက သုံးသပ်ပြောကြားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။