Connect with us

Hi, what are you looking for?

News

ဘဏ်များ၏ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်နှင့်ပတ်သပ်၍ စစ်ကောင်စီရဲ့ဗဟိုဘဏ်ထုတ်ပြန်

မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ဆိုသည်မှာ ငွေကြေးစနစ်တည်ငြိမ်စေရန် ဗဟိုဘဏ်က ဘဏ်များကို လူထု၏အပ်ငွေပမာဏအလိုက် ရာခိုင်နှုန်းသတ်မှတ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်။

ပြည်တွင်းဘဏ်များတွင် ကျပ်ငွေဖြင့် ထားရရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ၂၀၂၂မတ်အထိ ၃ ရာခိုင်နှုန်းသာ ထားရှိရန်နှင့် ထိုထက်နည်းပါကလည်း ဒဏ်ကြေးများ လျော့ပေးမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က အောက်တိုဘာ၄ ရက်တွင် ထုတ်ပြန်သည်။

မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ဆိုသည်မှာ ငွေကြေးစနစ်တည်ငြိမ်စေရန် ဗဟိုဘဏ်က ဘဏ်များကို လူထု၏အပ်ငွေပမာဏအလိုက် ရာခိုင်နှုန်းသတ်မှတ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပြီး ကိုဗစ်ရောဂါရိုက်ခတ်မူကြောင့် ၂၀၂၀ ဧပြီလမှ ၂၀၂၁ မတ်လအထိ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ထို့သို့ကင်းလွတ်ခွင့်ကို ရာခိုင်နှုန်းထပ်မံလျော့ချပြီး ၂၀၂၂ မတ်လအထိ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ဘဏ်များအနေဖြင့် ၃ ရာခိုင်နှုန်းထက်နည်းမည်ဆိုပါကလည်း ဒဏ်ငွေပေးဆောင်ရန် ကိစ္စရပ်များကိုဖြေလျော့ပေးမည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူတို့သဘောက ဘဏ်တွေကို သိမ်းထားရမယ့် အပ်ငွေတွေကို ၃ရာခိုင်နှုန်းမရှိလဲ ဒဏ်ကြေးဆောင်ချင်မှ ဆောင်ရမယ့် သဘောမျိုးပေါ့”ဟု ဘဏ်ဒါရိုက်တာတစ်ဦးက ပြောသည်။ယခင်အစိုးရလက်ထက်များတွင် ထိုသို့မထားရှိပါက ဘဏ်အရွယ်အစားအလိုက် တင်းကြပ်သည့် ဒဏ်ကြေးပေးဆောင်ရသည်ဟု ၎င်းက ဆိုသည်။

ထိုသို့အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ပမာဏထားရှိရခြင်းသည် ဘဏ်များ၏ ခိုင်မာမူကို ပြသရန်ဖြစ်ပြီး လက်ရှိအကြမ်းဖက်စစ်ကောင်စီတွင် ငွေအပ်မည့်သူမရှိတော့၍ ယခုလျော့ပေါ့လာခြင်းဟု ၎င်းက သုံးသပ်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။