Connect with us

Hi, what are you looking for?

News

နေပြည်​တော် CID ရုံး​ပေါက်ကွဲမှုဖြစ်ပြီး အရာရှိတစ်ဦးအပါရဲအချို့ ဒဏ်ရာရ

နယ်မှပေးပို့လာသော သက်‌သေခံပစ္စည်း ပါဆယ်ထုပ်ကိုဖွင့်ဖောက်စစ်ဆေးရာမှ ပေါက်ကွဲမှုဖြစ်သွားခဲ့ပြီး ရဲအရာရှိကြီးတစ်ဦးအပါအဝင် ရဲဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

နေပြည်တော်ရှိ မှု့ခင်းစုံစမ်း​ရေးဌာန (CID)ရုံးတွင် ယ​နေ့ပေါက်ကွဲမှုဖြစ်ပွားပြီး အရာရှိတစ်ဦးအပါအဝင် ရဲအချိူ့ ​ဒဏ်ရာရရှိခဲ့သည်။

နေပြည်တော်ရှိ ရုံးအမှတ် (၄၅) ပြည်ထဲရေးဝန်ကြီးဌာန၊မှု့ခင်းစုံစမ်းရေးဌာန(CID) ရုံးခန်းအတွင်း ယနေ့ (​အောက်တိုဘာ ၅) ညနေ (၄)နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ပြီး ဒုရဲမှုးကြီးတစ်ဦးအပါအဝင် ရဲအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF Channel
နှင့် ဒေသခံတို့က ပြောသည်။ ​ပေါက်ကွဲမှုကို မည်သူက လုပ်ခဲ့​ကြောင်းကိုမူ မသိရှိရ​သေးပါ။

နယ်မှပေးပို့လာသော သက်‌သေခံပစ္စည်း ပါဆယ်ထုပ်ကိုဖွင့်ဖောက်စစ်ဆေးရာမှ ပေါက်ကွဲမှုဖြစ်သွားခဲ့ပြီး ရဲအရာရှိကြီးတစ်ဦးအပါအဝင် ရဲဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မွန်းလွဲပိုင်းကလည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းဖယ်ရီကားအောက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နေပြည်တော်သပြေကုန်းရှိ မြန်မာ့အသံသတင်းထောက်တစ်ဦးဆိုသူလည်း သေနတ်ဖြင့်ပစ်သတ်ခံရသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook