Connect with us

Hi, what are you looking for?

News

အာဆီယံဆုံးဖြတ်ချက်ငါးရပ်ကို အမြန်ဆုံးအကောင် အထည်ဖော်ဖို့ ဖိလစ်ပိုင်တိုက်တွန်း

တစ်ချိန်တည်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံ ဆုံးဖြတ်ချက် ငါးရပ်ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆွေးနွေးဖို့အသင့်ရှိတယ်လို့ ဒီနေ့ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံဆုံးဖြတ်ချက် ငါးရပ်ကိုအမြန်ဆုံးအကောင် အထည်ဖော်ဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ Lazaroက တိုက်တွန်းလိုက်ပါတယ်။

မနေ့ကပြုလုပ်တဲ့ အာဆီယံအကြီးတန်းအရာရှိများအစည်းအဝေးမှာ Lazaro က မြန်မာ့အရေးကို စိုးရိမ်ပူပန်ကြောင်းထပ်လောင်းပြောဆိုခဲ့ပြီး ဧပြီက အာဆီယံခေါင်းဆောင်တွေ အစည်း အဝေးက ထွက်ပေါ်လာတဲ့ သဘောတူညီချက် ငါးရပ်ကို အမြန်ဆုံးနဲ့အပြီးသတ်အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Erywan Yusof ကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဝင်ရောက်ခွင့်ပေးဖို့ နဲ့ သက်ဆိုင်ရာပါတီအားလုံးနဲ့ တွေ့ဆုံခွင့်ပြုပေးဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအချိန်အထိ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံဆုံးဖြတ်ချက်ငါးရပ် အကောင်အထည်ဖော်ရေးတိုးတက်ခြင်းမရှိတဲ့အပေါ် အာဆီယံနိုင်ငံတွေက စိတ်ပျက်နေကြပြီး အဖွဲ့ဝင်နိုင်ငံအချို့က လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးရေး ဆွေးနွေးမှုတွေရှိလာပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံ ဆုံးဖြတ်ချက် ငါးရပ်ကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆွေးနွေးဖို့အသင့်ရှိတယ်လို့ ဒီနေ့ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို