Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘားအံကရွာအချို့မှာ အုပ်ကြီးလုပ်ဖို့ အဓမ္မစေခိုင်းတာတွေရှိ

ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေ ဘားအံမြို့နယ်မြောက်ဘက်ပိုင်းက တကောင်ဘိုးကျေးနယ်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာရှိနေတာကြောင့် ဒေသခံပြည်သူတွေက ကြောက်ရွံ့ပြီး ဘယ်သူကမှ အုပ်ချုပ်ရေးမှူးနေရာကို မလုပ်ရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့နယ်က ကျေးရွာတွေအချို့မှာ အကြမ်းဖက်နယ်ခြားစောင့်တပ် (BGF) က ဒေသခံရပ်မိရပ်ဖတွေကို ခေါ်တွေ့ပြီး အုပ်ချုပ်ရေးမှူးလုပ်ဖို့ အဓမ္မစေခိုင်းညွှန်ကြားခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေဲအန်ယူ တပ်မဟာ ၁ ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စုက ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတန်းကြီးနဲ့ မီးပုံးကျေးရွာတွေက ရပ်မိရပ်ဖနဲ့ ဂေါပကတွေကို ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်က နယ်ခြားစောင့်တပ် ၁၀၁၄ တပ်ရင်းက တပ်ခွဲမှူး ဗိုလ်တင်ဝင်းက ခေါ်ယူတွေ့ဆုံခဲ့တာပါ။

အဲ့ဒီလိုခေါ်ယူတွေ့ဆုံရာမှာ ဗိုလ်တင်ဝင်းက ရပ်မိရဖတွေကို တစ်လသူကြီး (အုပ်ချုပ်ရေးမှူး) ဒါမှမဟုတ် ၁၅ ရက်အုပ်ချုပ်ရေးမှူး စနစ်နဲ့အုပ်ချုပ်ဖို့ အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဂျို့ပင်ဆိပ်ကျေးရွာက တစ်လသူကြီး ၂ ဦး၊ မြိုင်ကျေးရွာက တစ်လသူကြီး ၂ ဦး၊ မီးပုံးကျေးရွာက တစ်လသူကြီး ၄ ဦးနဲ့ ကုန်းတန်းကြီးရွာက ၁၅ ရက်သူကြီး ၃ ဦးတို့ကို အောက်တိုဘာ ၅ ရက်နေ့နောက်ဆုံးထားပြီး ရွေးချယ်ဖွဲ့စည်းပေးဖို့ BGF က အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေ ဘားအံမြို့နယ်မြောက်ဘက်ပိုင်းက တကောင်ဘိုးကျေးနယ်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာရှိနေတာကြောင့် ဒေသခံပြည်သူတွေက ကြောက်ရွံ့ပြီး ဘယ်သူကမှ အုပ်ချုပ်ရေးမှူးနေရာကို မလုပ်ရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုကတိုက်ပွဲဖြစ်နေတော့ လူကြီးလုပ်မပျော်ဘူးလေ။ လူကြီးကကြားညှပ်တာကိုး။ စစ်တပ်ကခေါ်လိုက် ကေအဲန်ယူက ခေါ်လိုက်ဆိုတော့ ဘယ်သူမှမလုပ်တော့ အဲ့ဒါမလုပ်မနေရပုံစံမျိုးဖြစ်တယ်။ ကျနော်တို့ဒီဘက်မှာ လုပ်တာ အဲ့ဒီပုံစံမျိုးပဲလေ။ သူကြီးကိုလာပစ်သတ်သွားတာကိုး။ သူကြီးသေသွားတာလေ အဲ့ဘက် ၂ ယောက်သေသွားတယ် ။ဘယ်သူမှမလုပ်ရဲတော့ဘူး။ ကြားညှပ်တာပေါ့။ ကျနော်တို့မှာ ၁ လသူကြီးရှိတယ် ၃ လသူကြီးရှိတယ် အဲ့လိုမျိုး။ လုပ်မပျော်တော့ အလှည့်ကျပေါ့။ မဲနှိုက်ပေါ့။ နင်မဲပေါက်ရင် နင်လုပ် ငါမဲပေါက်ရင် ငါလုပ်ပေါ့ အမျိုးသမီးလည်းပါတာပဲ။ ကျနော်တို့ဘက် ဟိုးအရင်ကတည်းက ဖြစ်ခဲ့တာလေ။ လူကြီးမရှိရင်အဆင်မပြေဘူးလေ။ သွားရဆိုရလုပ်ရကိုင်ရ အဆင်မပြေဘူးဆိုတော့ တခုခုဆိုရင် လူကြီးကိုပဲမှာတာကို ။ ကေအဲန်ယူကလာရင် လူကြီးကိုလှမ်းပြောတာပေါ့။ စစ်တပ်က လာရင် လူကြီးကိုလှမ်းပြောတယ် အဲ့လိုမျိုး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ရွေးချယ်ဖွဲ့စည်းပေးလိုက်တဲ့ ရွာအုပ်ချုပ်ရေးမှူးတွေရဲ့ဖုန်းနံပါတ်တွေကို BGF က ယူထားပြီး သက်ဆိုင်ရာကျေးရွာတွေမှာ KNU/KNLA တပ်ဖွဲ့တွေ သွားလာလှုပ်ရှားမှုရှိပါက BGF တပ်ဖွဲ့ထံ အမြန်ဆုံးသတင်းပို့ဖို့ အမိန့်ပေးညွှန်ကြားထားသေးတယ်လို့ ကေအဲန်ယူ ဘားအံမြို့နယ်တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

“ကျနော်တို့ဘက် ဟိုးအရင်ကတည်းက ဖြစ်ခဲ့တာလေ။ ခေတ်ကနောက်ပြန်ဆွဲသွားပြီလေ။ လွန်ခဲ့တဲ့အနှစ် ၂၀ က ပုံစံပြန်ဖြစ်သွားတာပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ ၃၀ က သူကြီးမျိုးရှိခဲ့တာကို ဒီပုံစံမျိုးပဲ” လို့ ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေက ဒေသခံပြည်သူတစ်ဦးက ပြောပြပါတယ်။

အခုလို နယ်ခြားစောင့်တပ် (BGF) က ဒေသခံပြည်သူလူထုသဘောထား ဆန္ဒမပါပဲ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ဖို့ အတင်းအဓမ္မ ခိုင်းစေညွှန်ကြားတာဟာ စစ်ရေးအရ ဒေသခံလူထုကို အသုံးချတာနဲ့ အကြမ်းဖက်ခိုင်းစေတာဖြစ်တယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့လတွေက ဘားအံမြို့နယ် တကောင်ဘိုးကျေးနယ်ဘက်က ရွာတွေအနေနဲ့ တစ်ရွာကိုတစ်ယောက် စစ်မှုထမ်းရမယ်လို့ နယ်ခြားစောင့်တပ် (BGF) ၁၀၁၄ တပ်ရင်းက တပ်ခွဲမှူးဗိုလ်တင်ဝင်းက ကျေးရွာလူကြီးတွေကို အသိပေးပြောကြားခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

မေးမြန်းခန်း

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။