ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ Mytel တာဝါတိုင် နှစ်ခုကို ယနေ့(အောက်တိုဘာ ၇ရက်)နံနက်က ဗုံးခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
နန်းဦးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ Mytel တာဝါတိုင်နှင့် နတ်စင်လမ်းရှိ Mytel တာဝါတိုင် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပျက်စီးမှုများရှိခဲ့ကြောင်း မှော်ဘီမြို့ခံ တစ်ဦး ပြောသည်။
“ဒီနံနက်ပိုင်းက နန်းဦးကျောင်းနဲ့ နတ်စင်လမ်းက Mytel တာဝါတိုင်တွေမှာ ဗုံးပေါက်တာပါ။ တာဝါတိုင်တွေတော့ မလဲသွားဘူး။ ပျက်စီးမှုတွေတော့ ရှိတယ်လို့ ကြားပါတယ်။ဘယ်အဖွဲ့က လုပ်ဆောင်တာလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မှော်ဘီမြို့ပေါ် တစ်ဝိုက်၊ မှော်ဘီစျေးအနီးနှင့် မြို့အဝင်လမ်းတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုတင်းကြပ်လျက်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

Public Service Announcement
မှော်ဘီမြို့သည် စစ်တပ်မြို့ဟု လူသိများသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့ပတ်ပတ်လည်တွင် တပ်ရင်းအများစု တည်ရှိသည်။


















































